၃၄။ အနိုင်ရခြင်း

9.9K 1.3K 84
                                    

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Twinkle kktwinklestar

၃၄။ အနိုင်ရခြင်း
___________________________________

စင်ပေါ်ရှိစစ်ဆေးသူများမှာ စာမေးပွဲရလဒ်များကိုဆွေးနွေးနေကြပြီး စင်အောက်ရှိကျောင်းသားများမှာလည်း ဆွေးနွေးမှုအရှိန်မြင့်နေကြတယ်။

ဒီနေ့ရှန်းမြောင်က သူမကိုယ်သူမအရူးမလုပ်ခဲ့တဲ့အတွက် အကယ်ဒမီစာမေးပွဲကအနည်းငယ် ပျင်းသယောင်ထင်ရသော်လည်း သူမ၏တည်ရှိမှုကိုသတိမထားမိကြသော သူမ၏အတန်းသားများပင်လျှင် သူမကိုသတိထားမိလာကြတယ်။ လူတွေကအတော်ထူးဆန်းတာပဲ။ အလွန်ဆိုးဝါးတဲ့သူတစ်ယောက်က အနည်းငယ်ကောင်းလာတာနဲ့ အခြားသူများက ဒါဟာကံကောင်းတာပါလို့ တွေးကြတယ်။

ဖုန်အန်းနဉ်သည် အတော်စိတ်ပူနေသောကြောင့် အချိန်တိုင်းစစ်ဆေးသူများကိုသာကြည့်နေခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် စင်ပေါ်ရှိလူကြီးမင်းအချို့သည် ထိုတစ်စုံတစ်ခုကိုအပြင်းအထန်ငြင်းခုန်နေကြသည်။

"ဒီနေ့စာမေးပွဲကတော်တော်ပြင်းထန်တယ်နဲ့တူတယ်" ဖုရှိုးအန်းကရယ်သွမ်း၍ ပြောခဲ့သည်။ "ဒါပေမယ့် အမျိုးသမီးတွေက တိုင်းရေးပြည်ရာအုပ်ချုပ်ရေးထဲမဝင်ပါရဘဲနဲ့ ... ဘာကြောင့်များ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြတာလဲ..." သူက မောက်မာသောသဘောရှိပြီး ထိုယှဉ်ပြိုင်မှုထဲတွင် သူ့ဘေးနားရှိ လူကြီးမင်းများ၏သမီးများပါဝင်နေသဖြင့် ထိုသို့ကြားရခြင်းအပေါ်မကျေမနပ်ဖြစ်မည်ကိုလည်း မကြောက်ရွံ့ပေ။

"ကျောင်းတော်စာမေးပွဲကို ဖြေနိုင်ဖို့အခွင့်အလမ်းကရှားပါးလွန်းတယ်... ဒါကြောင့်ဒီအခွင့်အရေးကို လူတိုင်းကအကျိုးရှိရှိအသုံးချကြတယ်..." ဖုရှိုးရီကပြန်ပြောသည်။

"ညီလေး(၉) ရဲ့စကားကမမှားဘူး..." ဖုရှိုးရွှမ်ကထိုသို့မပြောခင် စားပွဲခုံပေါ်ရှိလက်ဖက်ရည်ခွက်ကိုယူပြီးအနည်းငယ်သောက်လိုက်သည်။

"သိသိသာသာထူးချွန်တဲ့ မိန်းကလေးရှိခဲ့ရင်... ညီလေး(၉)ကပိုပြီးတော့ အာရုံစိုက်ထားသင့်တယ်..." သူကအနေအေးပေမယ့် ပြောလို့ဆိုလို့တော့ကောင်းတဲ့သူမဟုတ်။ သူက ဖုရှိုးရီတစ်ယောက် နောက်ခံတောင့်တင်းတဲ့မိသားစုရှိတဲ့ ဇနီးလောင်းများရှာတွေ့သွားသလားဆိုပြီး မသိမသာစမ်းသပ်ကြည့်ခြင်းဖြစ်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now