Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - No Cause, Edge
၉၂။ ကျောက်စိမ်းယုန်ပွဲတော်
"သူတို့ ရောက်လာကြပြီ"
ရှဲ့ကျင်းရှင်း စကားကို ကြားသည်နှင့် ကောင်းယန်၏ ရွှတ်နောက်နောက် အမူအရာတို့ ပြယ်လွင့်သွားကာ သူ့အား လှည့်ကြည့်လာတော့သည်။ "မင်း ပြောတာက သူတို့တွေ တင်းမြို့တော်ကို ရောက်လာကြပြီပေါ့လား"
"မင်းတို့တွေ ဒီရက်အတွင်း ပိုပြီး သတိထားနေသင့်တယ်" ရှဲ့ကျင်းရှင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်းသားယွီအိမ်တော်မှာတုန်းက ကိစ္စ ပေါက်ကြားသွားပြီး မင်းတို့ရဲ့ သရုပ်မှန်ပေါ်သွားတာမျိုးဖြစ်နိုင်တယ်၊ ဒီရက်ပိုင်း အပြင်မထွက်ကြနဲ့"
"ခင်ဗျားတစ်ယောက်တည်း ဘယ်လို လုပ်လို့ရမှာလဲ" ကောင်းယန် ပြန်ပြောသည်ကို မစောင့်ဘဲ ကျီယွီရှုက ဝင်မေးလိုက်သည်။ "ခင်ဗျားက သူတို့ အာရုံစိုက်လာအောင် လုပ်မိလိုက်တာ၊ အခု သူတို့တွေ တင်းမြို့တော်ထဲ ရောက်လာကြပြီ၊ သေချာပေါက် ခင်ဗျားကို လာရှာမှာပဲ၊ ခင်ဗျား မြို့ထဲက ကျန်တဲ့လူတွေကို လှုပ်ရှားစေလို့လဲ မရဘူး"
"စိုးရိမ်နေစရာ မဟုတ်ပါဘူး" ရှဲ့ကျင်းရှင်းက ပျင်းရိလေးတွဲဟန်ဖြင့် ခါးကျောဆန့်လိုက်ရင်း သူ့အပြုံးတွင်း ရက်စက်မှုတို့ ခိုအောင်းလာတော့လေသည်။ "သူတို့ ရောက်လာမဲ့အချိန်ကိုပဲ စောင့်နေခဲ့တာ၊ အတော်ကြာခဲ့ပြီ"
"ရှဲ့စန်းကော၊ ခင်ဗျား သူများကို သင်ခန်းစာပေးဦးမလို့ မဟုတ်လား" ကျီယွီရှုက မျက်လုံးအရောင်တလက်လက်ဖြင့် သူ့အား ကြည့်နေတော့သည်။ "ဒီတစ်ခါ ကျုပ်ကို ခေါ်သွားပြပါလား"
"ကောင်းပြီလေ" ရှဲ့ကျင်းရှင်းက အလေးမထားဟန်ဖြင့် ပြန်ပြောလေသည်။ "မင်းက ပစ်မှတ်လုပ်ပေးပေါ့"
ကောင်းယန်၊ ". . ."
*****
တင်းမြို့တော်အတွင်း မင်းသားယွီနှင့် ရှန်အိမ်တော်၏ အရေးကိစ္စအကြောင်းများမှာ နှစ်သစ်ကူးချိန်ခါ နီးကပ်လာသည်နှင့်အမျှ မြူးကြွမှုအငွေ့အသက်များအကြား တိမ်မြုပ်သွားခဲ့တော့လေသည်။ စင်စစ် နှစ်သစ်ကူးချိန်ခါဖြစ်သည်နှင့်အညီ နေရာအနံ့အပြား တက်ကြွရွှင်မြူးသော အငွေ့အသက်များ ခြုံလွှမ်းနေကြလေသည်။ နှင်းမုန်တိုင်းသက်ခဲ့လေသော ထိုတစ်ညက လူသတ်ပွဲအဖြစ်ဆိုးကြီးနှင့် ထောင်အကျဉ်းစခန်းတွင်းမှ သနားဆို့နစ်ဖွယ် အဆုံးစီရင်မှုတို့ကို လူအများစုက မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့လေပြီ။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...