၉၁။ ရှန်ချင်း သေဆုံးခြင်း

5.5K 746 16
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha ke

Translator - Edge, No Cause

၉၁။ ရှန်ချင်း သေဆုံးခြင်း

ညက တဖြည်းဖြည်းချင်း မှောင်လာပြီး ဆောင်းညတာက ခြွင်းချက်မရှိ အမြဲတမ်း အေးစက်နေကျ ဖြစ်၏။ ထို့ကြောင့် အပြင်ဘက်တွင် လမ်းလျှောက်သူတိုင်းကို မြောက်ပိုင်းလေသည် အရိုးထဲ ထိအောင် တိုက်ခိုက်နေပုံ ရသည်။ လှုပ်ရှားမှု အနည်းငယ်လေးတိုင်းက နာကျင်မှုကို ခံစားရနိုင်၏။

ရက်စက်လှသော အကျဉ်းထောင်ထဲတွင် ပြတင်းပေါက်ငယ်လေးကနေ လေတဖြူးဖြူးတိုက်ခတ်နေရာ အကျဉ်းထောင်ထဲရှိ လူကို ကွေးကျုံ့နေစေ၏။ သူမသည် သူမခန္ဓာကိုယ်နား၌ စုတ်ပြဲနေသည့် စောင်ကို ခြုံထားပြီး ဖြစ်ရာ ခေါင်းသာ ပေါ်နေတော့၏။ သူမသည် လေများတိုက်ခိုက်နေသည့် ပြတင်းပေါက်ကို ပိတ်ရန် ခက်ခက်ခဲခဲ ရုန်းကန် ထလိုက်သည်။

သို့သော် ခြေဖျားထောက်သည့် အချိန်တွင်တောင် သူမ၏အရပ်က မမြင့်ပေ။ ခဏအကြာ၌ သူမသည် ထိုမူလ အစီအစဉ်ကို လက်လျှော့ပြီးနောက် ခွန်အားပိုသုံးခြင်းဖြင့် သူမ ပိုတောင် အားနည်းသွားမှာကို စိုးရိမ်လာ၏။

ကင်းလှည့်နေသည့် အစောင့်ရဲမက်က ဤမြင်ကွင်းကို မြင်သောအခါ သူက ပြုံးရုံသာ ပြုံးပြီး ရှေ့သွားပြီး မကူညီခဲ့ပေ။ ရက်စက်ကြမ်းကြုတ်သော ဤနေရာတွင် ကာလရှည်ကြာ နေထိုင်ခဲ့သူ တစ်ယောက် အနေဖြင့် မူလအနေအထား အတော်လေး ချွတ်ချော်လာပြီးနောက် အများစုသည် အကျဉ်းသားများ ဝေဒနာ ခံစားခြင်းကို မြင်နေရခြင်းကလည်း ဖျော်ဖြေရေး တစ်မျိုးဟုလည်း ခံစားလာရသည်။ အနည်းဆုံးတော့ ယခုလို မြင်ကွင်းမျိုး ဖြစ်သည်။ ရှန်ချင်းက အစောင့်ရဲမက်ကို တစ်ချက် ကြည့်ပြီးနောက် သူမမျက်လုံးထဲရှိ မုန်းတီးမှုများကို ကာရန်အတွက် ခေါင်းကို အမြန်ငုံ့လိုက်၏။ ဤနေရာသို့ ရောက်လာပြီး ရက်အနည်းငယ် အကြာတွင် သူမက မည်သို့ လုပ်သင့်သည်ကို သိလာခဲ့ရပြီ ဖြစ်သည်။ ရှန်ယွမ်နှင့် ရှန်ကွေ့က ဘာမှကို မစီစဉ်ပေးခဲ့လျှင် အစောင့်ရဲမတ်က သူမကို ကျန်သည့် သူများနှင့် မခြား သူမကို ဝေဒနာ ခံစားရအောင်တောင် လုပ်မည်မှန်း သိနေ၏။ အထူးအခြေအနေများ ရှိနေလျှင် သူမ၏ အပြစ်ကင်းမှုသည်လည်း ကျန်သည့် အကျဉ်းသူများ ကဲ့သို့ ဖျက်ဆီးခံရတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သိုသော် ရှန်မိသားစုအဖို့ ၎င်းက ဖြစ်လာမှာ မဟုတ်ပေ။ သူမသည် ပထမအဆင့် မင်းသားယွီ၏ ကိုယ်ဝန်ကို လွယ်ထားရတာ ဖြစ်သည်။ ဂုဏ်တက်ဖွယ် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ တော်ဝင်သွေး ရှိနေသေး၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now