PART ~ 01

3.9K 182 16
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း (၁)
Zawgyi

အဘိဓာန် ......

သူ့နာမည်က အဘိဓာန် ......

သိပ်ကိုရဲရင့်ပြီး သတ္တိရှိတဲ့ယောက်ျားပျိုတစ်ဦးဖြစ်တဲ့ အဘိဓာန်က မိစုံဖစုံရရှိပါရဲ့ ဘာလို့များလမ်းပေါ်လေလွင့်နေရသနည်း။

သိန်းထောင်နဲ့ချီပြီးတန်တဲ့ အိမ်ကြီးရာကြီးကိုစွန့်ပြီး အိမ်အိုအိမ်ဟောင်းကလေးမှာ အဘယ်ကြောင့်များ ပင်ပန်းဆင်းရဲခံပြီး လပေးနဲ့ငှားနေရပါသနည်း။

အမိုးမလုံတဲ့ အိမ်အိုလေးမှာ မိုးရေစက်လေးတွေက ခပ်ကျဲကျဲကြမ်းပြင်ထက်ဝယ် အခန့်သားနေရာယူလျှက်ရှိသည်။ ရေစိုနေတဲ့ကြမ်းပြင်ပေါ် ပုဆိုးကြမ်းစနဲ့သုတ်သင်သန့်ရှင်းပြီးနောက် ရေသန့်ဗူးခွံတစ်ပိုင်းပျက်ထဲက ပြည့်လျှံနေတဲ့ရေကို နဘေးရှိ ပြတင်းပေါက်မှတဆင့်သွန်ချပစ်လိုက်သည်။ ထို့နောက် ဗူးခွံတွေကို မိုးယိုသည့်နေရာတွင် နေရာတကျပြန်ထားလိုက်ပြီး လျှော့ရွဲနေတဲ့ပုဆိုးကို သေချာပြင်ဝတ်လိုက်သည်။

အိမ်ရှေ့က ရေတိုင်ကီအတွင်းကရေကိုခပ်ပြီး မျက်နှာကို ခပ်ကြမ်းကြမ်းလေး အိပ်ချင်ပြေသွားသည်အထိသစ်ပစ်လိုက်သည်။ အနည်းငယ်လန်းဆန်းသွားကာမှ သွားပွတ်တံပေါ် သွားတိုက်ဆေးရည်ညှစ်ထည့်ပြီး သွားတိုက်တော့သည်။ သွားတိုက်နေရင်း ဒီကနေ့ဘာတွေလုပ်စရာရှိလဲဆိုတာကိုတွေးရင်း အစီအစဉ်တွေချနေမိသည်။

အဲ့ဒီနောက်မှာတော့ ရေကိုခပ်သွက်သွက်ချိုးပြီး အဝတ်အစားလဲတော့သည်။ မနက်စာအဖြစ် ကြက်ဥပြုတ် ၂ လုံးကို အားဖြစ်စေပြီးတဲ့နောက် လုပ်ငန်းခွင်ရှိရာသို့ထွက်လာခဲ့တော့သည်။

တစ်ညလုံးရွာထားသည့်မိုးက တစ်နေ့လုံးလည်းထပ်ပြီးရွာမည့်အစီအစဉ်ရှိပုံရသည်။ မနက်ခင်းကြီး အုံ့စိုင်းနေတဲ့ တိမ်ညိုတွေကြောင့် ထီးယူလာမိတာ မှန်သွားသည်ပြောရမည်။ ကားဂိတ်အရောက်မှာပဲ ဝေါကနဲဆိုသလိုရွာချလိုက်တဲ့မိုးက ကားဂိတ်ရှိ ကားရပ်စောင့်နေသူများကို ရုတ်ရုတ်သည်းသည်းဖြစ်စေတော့သည်။

ဘယ်အငြိုးနဲ့သည်းမှန်းမသိတဲ့ မိုးရေတွေသည် ရေသန့်ပို့တဲ့အလုပ်ကိုလုပ်တဲ့ အဘိဓာန်အတွက်တော့ ရှောင်လွဲလို့မရနိုင်သော ဒုက္ခတစ်မျိုးပင်ဖြစ်သည်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Where stories live. Discover now