PART ~ 34

912 99 8
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၄)
Zawgyi

ကားတံခါးလာခေါက်တဲ့သူတွေထဲက နှစ်ယောက်ကို  အဘိဓာန်ကောင်းကောင်းသိသည်။
အဲ့လူတွေ ဒီနားပတ်ဝန်းကျင်မှာယောင်လည်လည် လာလုပ်နေတာကြာပြီဖြစ်သည်။
ကိုယ့်ကို ပြဿနာမရှာသေးလို့ မသိချင်ယောင်နေတာကို ထိုလူတွေက အဟုတ်မှတ်နေပုံရသည်။

ကြုံ့သွားတဲ့နဖူး ရုတ်တရက် နက်မှောင်လာကာ ရွေ့လျားသွားတဲ့မျက်စံ တွေကိုကြည့်ခြင်းအားဖြင့် ဒီလူတွေဘာကို ဦးတည်နေပြီးလဲဆိုတာ အဘိဓာန် သိလိုက်ပြီဖြစ်သည်။

“ဘာကိစ္စလဲ”

“ငါတို့က ဒီရပ်ကွက်ကပဲ။ မင်းလာကြိုနေကြကလေးလေ လမ်းထိပ်မှာတစ်ခုခုဖြစ်နေတာတွေ့ခဲ့တယ်”

“စာသင်နေတဲ့ ကလေးက လမ်းပေါ်မှာရှိနေတယ်ဆိုတာ ဖြစ်နိုင်လို့လား”

“ငါတို့က စေတနာနဲ့ပြောပြတာ မင်းကအဲ့ကလေးကို နေ့တိုင်းလာကြိုနေတာတွေ့တော့ အဲ့ကလေးက မင်းအတွက် အရေးပါမယ်ထင်လို့ ကလေးတွေဆိုတာ စာသင်ခန်းထဲအမြဲထိုင်နေချင်တဲ့သူတွေမှမဟုတ်တာ”

“အဲ့တော့ …”

“ကားပေါ်ကဆင်းခဲ့ပါလား သေချာပြောမှဖြစ်မှာမို့လို့”

“ကောင်းပြီ”

နိအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့သူတွေကို အဘိဓာန်ကလည်း ဒီအတိုင်းဆက်ပြီးလွှတ်မထားပေးချင်တော့တာကြောင့် ကားပေါ်ကဆင်းလိုက်သည်။

အကြံအောင်ပြီဆိုပြီးပြုံးနေတဲ့ ကောင်တွေက အဘိဓာန်ရဲ့ မျက်နှာအနေအထားကိုတော့ မခန့်မှန်းနိုင်ခဲ့ကြ။

အဘိဓာန်က မျက်နှာထားတည်တည်နဲ့ပဲ ကားပေါ်က ဆင်းလာခဲ့တယ်။

အဘိဓာန်ကားပေါ်ကဆင်းဆင်းခြင်းမှာပဲ လူလေးယောက်က အနားကိုဝိုင်းလာပြီး အဘိဓာန်ခါးကို ဓါးနဲ့ ထောက်တော့သည်။

လူချမ်းသာတွေနေတဲ့ရပ်ကွက်က နေထိုင်မှု သီးသန့်ဆန်တဲ့အပြင် ကိုယ်ပိုင်ကားများဖြင့်သာသွားလာကြတာကြောင့် ဒီနေရာက ညနေစောင်းအချိန်မပြောနဲ့ မနက်ခင်းလိုအချိန်တောင် တိတ်ဆိတ်ခြောက်ကပ်နေတက်သည်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Kde žijí příběhy. Začni objevovat