PART ~ 37

856 92 6
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၇)
Zawgyi

အိမ်အပြန်လမ်းမှာ နိမျက်လုံးတွေက အဘိဓာန်ဆီသို့ ခဏခဏရောက်နေခဲ့သည်။

“နိ ပြောစရာရှိလို့လား”

အဘိဓာန်ဘက်က အလိုက်သိစွာမေးနေတာတောင် နိက နှုတ်ပိတ်နေဆဲဖြစ်သည်။

“ဘာတွေပြောရခက်နေတာလဲ နိ”

“ကိုကို … ဟို သာလိကာလေး ဒီနေ့ကျွန်တော့ဆီလာတယ်”

“ဟုတ်လား နိကို သတိရလို့ဖြစ်မှာပေါ့”

“ဖျားနေတာ ဆေးခန်းသွားရင်း ကျွန်တော့ကို ဝင်လာတွေ့တာ”

“ဟုတ်လား ကလေးက စာပိသွားတာဖြစ်မယ် နိသွားကြည့်ချင်လား”

အဘိဓာန်ရဲ့ အမေးကြောင့် နိမျက်နှာလေးဝင်းပလာသည်။

တကယ်တော့ သူဇွဲမဟော်ကို သွားကြည့်ချင်နေသည်။ ပြီးတော့ တစ်ခုခုလည်း လုပ်ပေးချင်နေသည်။ ဇွဲမဟော်က ကိုကိုပြီးရင် သူ့အပေါ်အကောင်းဆုံးလူတစ်ယောက်ဖြစ်တာကြောင့် ဂရုစိုက်ပေးချင်မိသည်။

သို့သော် နိဘက်က အဲ့လိုဖြစ်နေတာကို ကိုကို သိသွားရင် ကိုကို စိတ်မကောင်းဖြစ်သွားမှာဆိုးတာကြောင့် ပြောမထွက်ခဲ့။ အခုတော့ ကိုကိုက အလိုက်တသိမေးလာခဲ့တာကြောင့် နိစိတ်ထဲ တော်တော်လေးနေလို့ကောင်းသွားသည်။

“ကျွန်တော်သွားကြည့်ချင်တယ် ပြီးတော့ တစ်ခုခုလည်းလုပ်ပေးချင်တယ်”

“ကောင်းတာပေါ့ ဇွဲမဟော်လေးက နိညီလေးပဲလေ ဂရုစိုက်ပေးသင့်တယ် နိတောင် တကယ်ကြီး အရွယ်ရောက်လာပြီပဲ”

“ကိုကို ကျွန်တော့ကို စိတ်မဆိုးဘူးလား”

“သူစိမ်း ဆိုရင်တော့ စိတ်ဆိုးမှာပေါ့။ ဇွဲတို့ ဦးနဲ့အန်တီတို့ဆိုတာ နိလေးရဲ့မိသားစုဝင်တွေလေ။ ကိုကိုစိတ်မဆိုးပါဘူး။ မိသားစုဆိုတာ စည်းစည်းလုံးလုံးနဲ့ နွေးနွေးထွေးထွေးနေလေပိုကောင်းလေပဲနိရဲ့”

“တကယ်တော့ ကျွန်တော် ဒီနေ့ ဇွဲကို ညီလေးအဖြစ်အသိအမှတ်ပြုလိုက်မိတယ်”

“ဟုတ်လား …။ နိက တော်လိုက်တာ။ သာလိကာလေးကတော့ ဝမ်းသာလွန်းလို့ အဖျားပါပျောက်သွားမှာသေချာတယ်။”

အဘိဓာန်ရဲ့နိယာမ (2021){Complete}Donde viven las historias. Descúbrelo ahora