အဘိဓာန်ရဲ့နိယာမ ~ အပိုင်း (၆)
Zawgyiအဘိဓာန်အလုပ်သွားသည်နှင့် အိမ်တံခါးကိုသော့ခတ်လိုက်တဲ့ နိယာမ။ သော့ချောင်းလေးကို ပလပ်စတစ်ကြိုးနဲသီပြီး လည်ပင်းမှာချိတ်ဆွဲထားလိုက်တဲ့ နိယာမလေးက တစ်ခြံလုံးကို စေ့စေ့စပ်စပ်ကြည့်ပြီး စစ်ဆေးတော့သည်။
အားလုံး စိတ်ချရပြီဆိုမှ သစ်ပင်ခြေရင်းနာက ဂုန်နီအိတ်စုတ်ကို ကောက်ယူပြီး ခြံပြင်သို့ထွက်သည်။ ခြံတံခါးသေချာပိတ်ဖို့ကိုလဲမမေ့။
ဂုန်နီအိတ်တစ်လုံးနဲ့နိယာမက တစ်လမ်းဝင်တစ်လမ်းထွက်ဖြင့် ရေသန့်ဘူးခွံ အအေးဘူးခွံများကိုလိုက်ကောက်တော့သည်။
နိယာမလေး ထိုသို့ဘူးခွံတွေလိုက်ကောက်နေခြင်းမှာ တစ်ခုသောညနေခင်းမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းကြောင့်ဖြစ်သည်။
ကော်ပတ်ရုပ်လေးများ ဘောလုံးလေးများ ချိတ်ဆွဲထားတဲ့ ခြင်းထမ်းပိုးကို ထမ်းထားတဲ့ဦးလေးကြီးက နိယာမတို့ အိမ်ရှေ့နားလေးမှာရပ်နားလို့အမောဖြေလေသည်။
မောပန်းနေဟန်ဖြင့် ဦးခေါင်းထက်က ဦးထုပ်ကိုချွတ်ယူပြီး ယက်ခပ်နေတာကို လိုက်ငေးကြည့်နေမိခဲ့သည့်နိယာမ။
သိပ်မကြာလိုက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်ပြီးတစ်ယောက် အဲ့ဒီဦးလေးကြီးနားသို့ရောက်လာကြသည်။
ထို့နောက်လက်ထဲပါလာတဲ့ ဘူးခွံပုလင်းခွံလေးများပေးပြီး ခေါက်မုန့် ဒါမှမဟုတ် ကော်ရုပ်လေးများကိုယူကာ လဲလှယ်နေသည်ကိုတွေ့လိုက်ရသည်။
အဲ့ဒီအချိန်ကတည်းက နိယာမလေးက အဘိဓာန်မရှိတော့သည်နှင့် ဘူးခွံ ပုလင်းခွံများလိုက်ကောက်ရန်ကြံစည်းထားခဲ့ခြင်းဖြစ်သည်။
ဘူးခွံလေးများလိုက်ကောက်နေတဲ့နိယာမလေးက အိမ်အလုပ်များကို ထောင့်စေ့အောင်ခိုင်းတက်တဲ့ မိခင်ကြောင့် အကျင့်ပါပြီး အမှိုက်များပါကောက်သိမ်းပေးတက်သည်။
အိမ်တစ်အိမ်ရှေ့အရောက်မှာတော့ ခြံဝန်းထဲက ခုံတန်းဟောင်းလေးတစ်ခုပေါ်မှာ စုတင်ထားတဲ့ ပုလင်းခွံလေးများကို တွေ့လိုက်ရသဖြင့် မျက်လုံးအရောင်းများတလတ်လတ်ဖြင့် ထိုအရာကိုသာ မျှော်ငေးကြည့်နေခဲ့သည်။
![](https://img.wattpad.com/cover/290823611-288-k696041.jpg)
VOCÊ ESTÁ LENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...