အဘိဓာန်ရဲ့နိယာမ ~ အပိုင်း (၈)
Zawgyi" ဒါဆို အဆောင်မှာနေပြီးအလုပ်လုပ်ဖို့လက်လျော့လိုက်တော့မှာလား အဘိဓာန် "
ကိုကျော်စိန်က နှင်းဆီဆေးလိပ်ကို တစ်ချက်ဖွာရင်းအဘိဓာန်ကို အားမရစွာမေးသည်။
အဘိဓာန်ကတော့ နှုတ်ခမ်းစွန်းလေးအနည်းငယ်လှုပ်ရှားရုံလောက်သာ ခပ်ပါးပါးလေးပြုံးလျှက်
" လက်လျှော့ရတော့မှာပဲ ကိုကြီးကျော် အစကတော့ နေစားငြိမ်းအလုပ်လေးတစ်ခုပြောင်းလုပ်ရင်း အဝေးသင်တက်လို့ရတယ်ဆိုပြီး စိတ်အေးနေခဲ့တာ အခုတော့ နိလေးရှိနေတော့ ကျွန်တော် အဆောင်နေလို့မဖြစ်တော့ဘူးလေ အပိုအလုပ်လေးပဲရှာပြီးလုပ်ရမှာပဲ " ဟုဖြေတော့
ကိုကျော်စိန်ကတော့ ခေါင်းတညိတ်ညိတ်ဖြင့်
" မင်းမှာလဲ အတူနေတာ တစ်ပါတ်တောင်မပြည့်သေးတဲ့ကလေးအပေါ် သံယောဇဉ်ကြီးလိုက်တာ ငါလည်းတစ်ခုခုကြံပေးပါဦးမယ်ကွာ " လို့ပြောလာတာမို့ အဘိဓာန် ကိုကြီးကျော်ကို ကျေးဇူးတင်မိသည်။
" ကျေးဇူးပါကိုကြီးကျော်ရာ ကိုကြီးကျော် ကျွန်တော့အပေါ်ကူညီပေးတာတွေလည်းများနေပါပြီတကယ်ကျေးဇူးတင်ပါတယ် "
" မင်းကငယ်သေးတယ်အဘိဓာန် ငါ့အိမ်ကညီထက်တောင်ငယ်တယ် ဒါပေမယ့် မင်းကငါ့ညီထက်ကိုလိမ္မာတယ် ကြိုးစားတယ် ရိုးသားတယ် ဒါ့ကြောင့်မို့ငါကကူညီတာ အခြားသူဆိုလှည့်တောင်မကြည့်ဘူး လူတိုင်းကစေတနာနဲ့မတန်ဘူးလေ ငါ့အတွေ့အကြုံအရ ကောင်းကောင်းသိတယ် "
" ဒါကလည်း ဖြတ်သန်းလာတဲ့ဘဝအတွေ့အကြုံပေါ်မူတည်ပြီးကွာခြားသွားတာပါ။ ကိုကြီးကျော်လို အကိုမျိုးရှိနေတဲ့ ကိုကြီးကျော်ညီလေးက ကျွန်တော့လောက်ကို မလိမ္မာလည်းရနေတာပဲလေ အတင်းကြီးလိမ္မာပြနေစရာမှမလိုတာ လူငယ်တစ်ယောက်က လူကြီးအပေါ်ဆိုးတယ်ဆိုတာကလည်း တစ်ခါတစ်လေအရမ်းချစ်လို့ဖြစ်လာတက်တဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေပါ။ "
" မင်းပြောတာလည်းဟုတ်ပါတယ်လေ ငါ့ညီကဆိုးပေမယ့် ငါ့ကိုတော့ချစ်ပါတယ်။ သြော် အဘိဓာန် ဒီနေ့ငါတို့ရေသန့်လိုက်ပို့ရမယ့်လမ်းကြောင်းတစ်ခုထပ်တိုးတယ် "
![](https://img.wattpad.com/cover/290823611-288-k696041.jpg)
BINABASA MO ANG
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...