အဘိဓာန်ရဲ့နိယာမ ~ အခန်း(ဇာတ်သိမ်း)
Zawgyiနိက တည်ငြိမ်ချင်ယောင်ဆောင်ထားပေမယ့် တကယ်တော့ သူတော်တော်လေးတုန်လှုပ်နေခဲ့တယ်။
ငယ်ငယ်ကတည်းက အမေလို့ခေါ်လာခဲ့တဲ့သူအပေါ် သံယောဇဉ် မရှိဘူးလို့ပြောရင် လိမ်ရာကြပေလိမ့်မည်။
တစ်ကြိမ်တစ်ခါတုန်းက သည်းခြေပျက်အောင် မုန်းခဲ့ဖူးသော်လည်း ဘဝရဲ့ အရေးအပါဆုံးသော လူနဲ့တွေ့ခွင့်ရအောင် ကံကြမ္မာတစ်ခု ဖန်တီးပေးခဲ့လို့ သူ့အမုန်းတွေဟာ ကြာရှည်မခံလိုက်။
အဲ့ဒီအစား သူ အမေလို့ခေါ်ခဲ့တဲ့ သူ့ကို မကြင်နာတဲ့ အမျိုးသမီးကို သူကျေးဇူးတောင်တင်နေခဲ့သည်။
အတိတ်ဟာ နာကျင်စရာ ကြောက်စရာကောင်းခဲ့ပေမယ့် အဲ့ဒီအရာတွေက ကိုကိုနဲ့ဆုံဆည်းဖို့အတွက် ပေးဆပ်ရမည့် အဖိုးအခတစ်ခုသာဆို သူက ပျော်ပျော်ကြီးလက်ခံနိုင်သည်။
ကိုယ့်ရှေ့မှာတင် အသတ်ခံလိုက်ရတဲ့ သူမအတွက် ဝမ်းမနည်းဘူးဆိုပေမယ့် ရင်ထဲမှာတော့ အတိုင်းအတာတစ်ခုထိ ခံစားလို့မကောင်းတာအမှန်။
"နိ ..... ဘာတွေစဉ်းစားနေတာလဲ"
"ဘာရယ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ကိစ္စ ခေါင်းထဲဝင်လာလို့ပါ။"
"ကိုကိုတောင်းပန်ပါတယ်။ နိကို အဲ့လိုမြင်ကွင်းမျိုးမြင်စေခဲ့လို့။"
"ရပါတယ် ဒါနဲ့ သူ့ကိုသတ်တာ ဘယ်သူများလဲ"
"သူနဲ့ ရန်ငြိုးရန်စရှိခဲ့ဖူးတဲ့သူပါ။"
"ဖြစ်နိုင်ပါတယ်။ သူက အရင်ကတည်းက ရန်စများတဲ့သူလေ။ ရပ်ကွက်ထဲက လူတွေနဲ့လည်းမတည့်ဘူး။"
"ပြီးခဲ့တာတွေမေ့လိုက်ပါတော့။ အခု အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီ။ နိ အတွက် လုံခြုံစိတ်ချရပါပြီ။"
"ဟုတ်ကဲ့။ ကိုကို ... ကျွန်တော့ကို ပြောပြဦးလေ။ ဘယ်လိုဖြစ်ပြီး ကျွန်တော်ရှိတဲ့နေရာကို ချက်ချင်း ရောက်လာတာလဲ ဆိုတာကို။"
"အဲ့တာက နိ မေမေဆီကို ဖုန်းဝင်လာလို့လေ။ နိမေမေ အစား ကိုကိုက ရောက်လာခဲ့တာ။"
VOCÊ ESTÁ LENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...