အဘိဓာန်ရဲ့နိယာမ ~ အခန်း(၁၃)
Zawgyiပြဿနာတွေဆိုတာ အမြဲတမ်းအတွက် အနုတ်လက္ခဏာဆောင်နေတာမျိုးတော့မဟုတ်။ တစ်ခါတစ်လေ ပြဿနာတွေကြားထဲကပဲ ရင်နှီးမှုတွေ သံယောဇဉ်တွေ ဖြစ်တည်လာရတာမျိုးလည်း ရှိသည်။
အစိမ်းသက်သက်အပေါ်ယံဆက်ဆံရေးတွေထက်စာရင်တော့ နားလည်မှုတွေဖလှယ်ခွင့်ကို ဖန်တီးပေးတဲ့ ပြဿနာတွေဆိုတာ လူနှစ်ယောက်ကို ပိုမိုရင်းနှီးလာစေဖို့အတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်နိုင်သည်။
ဤသဘောတရားအတိုင်းပဲ အဘိဓာန်နဲ့နိယာမလေးတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ပြဿနာတွေ အခက်အခဲတွေကြားထဲကပဲ ပိုမိုရင်းနှီးနွေးထွေးလာခဲ့ကြသည်။
လူတစ်ယောက်ရဲ့အပြုအမှုအကျင့်စရိုက်တွေဟာ ပြောင်းလဲယူဖို့အလွန်ကိုမှခက်ခဲလှပါတယ်။ လူတစ်ယောက်က သိသိသာသာ အလျှင်အမြန်ပြောင်းလဲသွာပြီဆိုရင် ဒါဟာကြိုးစားလုပ်ယူထားခြင်းမဟုတ်ပဲ အဲ့လိုအလွယ်တကူအလိုအလျှောက်ပြောင်းလဲပစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုကတော့ သေချာပေါက်ရှိနေပြီသားပင်ဖြစ်သည်။
နိယာမလေးရဲ့ ပြောင်းလဲသွားတဲ့ အမူအကျင့်တွေရဲ့ အကြောင်းအရင်းက အဘိဓာန်ဖြစ်နေခဲ့သည်။ အဘိဓာန်မှမဟုတ်ရင် နိယာမလေးဟာ လမ်းဘေးက အစွန့်ပစ်ခံ အရိုင်းအစိုင်းကောင်လေးအဖြစ် ရှိနေဦးမှာပဲဖြစ်သည်။
"ဘောင်းဘီအပေါ်ဆွဲတင်လိုက်"
နိဟာ ချက်ချင်းဘောင်းဘီကို အပေါ်သို့ဆွဲတင်ပြီး ဘောင်းဘီစကို ဒူးဖြင့်ညှပ်ထားက လက်ကိုနဂိုအတိုင်းပြန်ပိုက်ထားလိုက်သည်။
"နိမှာ အပြစ်ရှိတာဝန်ခံလား"
"ဝန်ခံပါတယ်"
နိဟာအသက်ငယ်ပေမယ် အဲ့လိုရဲ့ရင့်တဲ့ ကလေးငယ်တစ်ဦးဖြစ်သည်။ ချွင်ချက်အနေနဲ့ နိအကြောက်ဆုံးအရာတစ်ခုတော့ရှိသည်။ အဲ့တာက အဘိဓာန်က နိက စွန့်ပစ်လိုက်မှာကိုပင်။
"ဒါဆိုကိုကို့ကိုပြော နိဘာအပြစ်လုပ်ထားတာလဲဆိုတာ"
အဘိဓာန်လက်ထဲမှာ ကြိမ်လုံးက အဆင်သင့်ရှိသော်လည်း အဘိဓာန်ဟာ နိကို ပါးစပ်ဖြင့်သာရအောင်ဆုံးမကြည့်ဖို့ကြိုးစာနေခဲ့သည်။ မူကြိုတက်နေတဲ့ သုံးလအတွင်း နိနဲပတ်သတ်ပြီး ဆရာမကတိုင်ကြားခဲ့သည်မှာ ဒါပထမဆုံးဖြစ်သည်။
VOUS LISEZ
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Roman d'amour" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...