PART ~ 18

1K 121 11
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၁၈)
Zawgyi

အနွေးအင်္ကျီလက်ရှည်ဝတ်ထားတဲ့နိက မျက်နှာမှာလည်း သွေးမရှိတော့သလိုဖြူဖျော့နေတာကြောင့် အဘိဓာန်မှာနိကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရသည်။

အဆောင်ထားမည်ဟုပြောလိုက်သည့်နေ့မှာ သတိလစ်သွားတဲ့နိက အဖျားပါဝင်သွားပြီး နေမကောင်းဖြစ်နေခဲ့တာ သုံးရက်ပင်ရှိပြီဖြစ်သည်။

အဲ့လိုပဲ အဘိဓာန်ကို နိစကားမပြောတာလည်းသုံးရက်ရှိနေပြီဖြစ်သည်။

အဘိဓာန်လည်း အလုပ်ကခွင့်ယူပြီး နိအနားမှာနေကာပြုစုပေးခဲ့ပေမယ့် နိဟာထူထူထောင်ထောင်ဖြစ်မလာနိုင်သေး။

“နိ … နိကိုကို့ကိုစကားမပြောချင်ရင် ကိုကိုပြောတာကိုပဲနားထောင်ပေး”

နိဟာ မည်သည့်အမှုအရာနှင့်မျှအဘိဓာန်စကားကို မတုန့်ပြန်ပဲ ပြတင်းပေါက်ကိုသာငေးကြည့်နေခဲ့သည်။

အဘိဓာန်ကပဲ နိကိုအားမလိုအားမရဖြစ်လာကာ နိလက်လေးများကို နူးညံ့စွာကိုင်တွယ်ရင်

“နိကို ပညာတက်ကြီးဖြစ်စေချင်တယ်။ အလုပ်လုပ်ရင်း ငွေအရသာသိပြီး ပညာရေးမှာအားလျှော့သွားမှာ ကိုကိုမလိုလားဘူး။ ၂ နှစ်ပဲနိ ခဏလေးပဲသည်းခံပြီး ကိုကို့စကားနားထောင်ပေးလို့မရဘူးလား။ နိဆယ်တန်းအောင်ပြီးသွားရင် နိကို ကိုကို့ရဲ့အဝေးမှာနေဖို့ ထပ်မပြောတော့ဘူး။ ဒီတစ်ကြိမ်တည်းပါ။ ပထဆုံးနဲ့နောက်ဆုံးပါ နိရယ်။ နိက ကိုကို့ရဲ့လိမ္မာတဲ့ကလေးလေးမဟုတ်လား။ ကိုကို့စကားနားထောင်ပြီး ပညာရေးကိုပဲအာရုံစိုက်ပေးပါလား။ ကိုကိုတောင်းဆိုတာပါ။”

လေသံအေးအေးလေးဖြင့်ချော့မြူသလိုလေးဖြောင်းဖြပေးနေတဲ့အဘိဓာန်ရဲ့စကားတွေကြောင့် နိတစ်ယောက် အနည်းငယ်လှုပ်ရှားလာခဲ့သည်။

နောက် မဝံ့မရဲဖြင့် အဘိဓာန်ကိုကြည့်ပြီး မေးခွန်းထုတ်လာတော့သည်။

“နိကိုတော့ မစွန့်ပစ်ဘူးမဟုတ်လား”

“ကိုကိုနိကို ဘယ်တော့မှမစွန့်ပစ်ပါဘူး အဲ့တာကိုတော့ယုံပါ။”

အဘိဓာန်ရဲ့နိယာမ (2021){Complete}Dove le storie prendono vita. Scoprilo ora