အဘိဓာန်ရဲ့နိယာမ ~ အခန်း (၁၀)
Zawgyiစာကြည့်စားပွဲပေါ်တွင် ကုတ်ကုတ်လေးတက်ထိုင်နေတဲ့ ကလေးတစ်ယောက်ရယ် ထိုကလေးတက်ထိုင်နေသောစာကြည့်စားပွဲအနီးအနားတွင် ပါးပြင်းထောင်နေသော ငန်းတော်ကျားမြွေတစ်ကောင်ရယ် ထို့အပြင် တုတ်တစ်ချောင်ကိုင်ပြီး ပါးပြင်းထောင်နေသော ငန်းတော်ကျားမြွေကြီးကို စိုက်ကြည့်နေတဲ့ ကောင်လေးရယ် စသဖြင့် အိမ်အတွင်းထဲက အခြေအနေက ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အနေအထား ဖြစ်နေခဲ့သည်။
အဘိဓာန်သည် နိယာမလေးအပေါ်တွင်သာ အာရုံစိုက်နေတဲ့ ငန်းတော်ကျားမြွေကြီးနားသို့ သတိကြီးကြီးဖြင့်ချဉ်းကပ်လိုက်ပြီး နိရဲ့ဆန့်ကျင်ဘက်နေရာသို့ မှန်းဆကာ ပါးပြင်းထောင်နေတဲ့မြွေခေါင်းကို လက်ထဲမှာကိုင်ထားတဲ့တုတ်နဲ့ လွဲရိုက်လိုက်လေသည်။
အဝေးတစ်နေရာကိုလွှင့်ထွက်သွားတဲ့ ငန်းတော်ကျားမြွေကြီးကတော့ တွန်းလိမ်တွန်လိမ်ဖြင့် တွားသွားနေဆဲပင်။ လွန့်လွန့်လူးသွားတဲ့မြွေကြီးက အစပိုင်းမှာ အဘိဓန်ရဲ့ရိုက်ချက်ကြောင့်နာကျင်စွာတွန့်လိမ်နေသော်လည်း ခဏအကြာမှာတော့ သိပ်မလှုပ်နိုင်တော့ပေ။
အဘိဓာန်ကလည်း မြွေကြီးအထိနာသွားပြီဆိုတာကိုသိတာနဲ့ ချင်ချင်းမြွေကြီးနားသို့သွားပြီး အဖျားနှစ်ခြွဖစ်နေတဲ့ တုတ်ဖျားဖြင့် မြွေရဲ့ဦးခေါင်းပိုင်ကို ဖိထားလိုက်သည်။
မြွေကြီးကလည်း တုတ်ရဲ့ခွကြားထဲမှာ ခေါင်းညှပ်နေတာကြောင့် ထွက်ပြေးလို့မရတော့။ အဲ့ဒီအချိန်ကျမှ အဘိဓာန်က မြွေရဲ့လည်မြိုကိုဖိကိုင်လိုက်တော့သည်။
"နိ ကြောက်နေသေးလား"
"မကြောက်တော့ပါဘူး ကိုကိုအဆင်ပြေရဲ့လား ကိုက်ခံရသေးလား"
"ကိုကိုဘာမှမဖြစ်ဘူး မြွေကြီးကိုသွားပြန်လွှတ်ပေးလိုက်ဦးမယ် နိအိမ်မှာနေရဲလား"
"ဟုတ် နိနေရဲပါတယ်"
"ကိုကို မြန်မြန်ပြန်လာခဲ့မယ် ခဏလေးပဲနိ"
လူသူအရောက်အပေါက်နည်းတဲ့ နေရာတစ်ခုအရောက်မှာတော့ အဘိဓာန်ဟာ မြွေကြီးကိုပြန်လွှတ်ပေးပြီး မေတ္တာပိုးပေးလိုက်သည်။
ESTÁS LEYENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...