PART ~ 05

1.2K 139 6
                                    

အဘိဓာန်ရဲ့နိယာမ ~ အပိုင်း (၅)
Zawgyi

" နိ "

အိပ်ရာနိုးကာစမို့ အဘိဓာန်ရဲ့ " နိ" ဆိုတဲ့အသံကခပ်အစ်အစ်လေးဖြစ်လို့နေသည်။

" ကိုကိုနိုးပြီလား "

" နိ အစောကြီးထပြီး ဘာလုပ်နေတာလဲ "

နိဘာလုပ်နေလဲ အဘိဓာန်မြင်နေပေမယ့် စကားပြောနည်းတဲ့ နိကို တမင်မေးလိုက်ခြင်းဖြစ်သည်။

" ထမင်းချက်နေတာ "

" ဗိုက်ဆာနေလို့လား "

" မဟုတ်ဘူး ကိုကို့အတွက် "

အဘိဓာန်စိတ်ထဲ ဘုရားရေလို့ပင်ရေရွတ်လိုက်မိသည်။ မွေးမိခင်တောင် ချက်မကျွေးဖူးတဲ့ ထမင်းတစ်အိုးကို ဒီငါးနှစ်သားလေးက သူ့အတွက်တည်ပေးနေသည်တဲ့။ အဘိဓာန်ရင်ထဲနှစ်ဝင်လာတဲ့ပိတီဟာ နိဆိုတဲ့ကလေးကြောင့်ဆိုတာမယုံနိုင်စရာပင်။

" နိက ထမင်းချက်တက်လို့လား "

" အမေ့ကိုချက်ကျွေးနေကျ နိချက်တက်ပါတယ် "

နိက အဘိဓာန်ကိုမကြည့်ပဲ သူလုပ်စရာရှိတာကိုသာလုပ်ရင်း စကားပြန်သည်။

အဘိဓာန်သည် နိ ကိုယ်လေးကို ဆွဲပွေ့ပြီး သူ့ပေါင်ပေါ်တင်ပစ်လိုက်သည်။

နိယာမလေးကတော့ မထင်မှတ်ထားတဲ့အပြုအမှုကြောင့် အဘိဓာန်မျက်နှာကိုသာ ကြောင်ငေးလို့ကြည့်နေခဲ့သည်။

်နိယာမလေးရဲ့ နှာထိပ်ဖျားလေးကို အသာဆွဲညှစ်ပစ်တော့ အဘိဓာန်ရဲ့လက်လေးက ချက်ချင်းဆိုသလိုတွန်းထုတ်ခံလိုက်ရသည်။

" ကလေးက ကလေးလိုနေလို့ပြောထားတယ်လေ ထမင်းချက်ရမှာ ကိုကို့အလုပ် ကိုကိုပဲလုပ်မယ် သွားတော့ အိမ်ရှေ့မှာသွားကစားနေ"

နိယာမလေးက တစ်ခုခုပြန်ပြောဖို့ ပါးစပ်ဟလိုက်သော်လည်း အဘိဓာန်က နှုတ်ခမ်းကိုခပ်တင်းတင်းစေ့ပြီး မျက်လုံးပြူးပြကာ ထွက်သွားဖို့အချက်ပြသည်မို့ နိယာမလေး အိမ်ရှေ့သို့ပြန်ထွက်သွားတော့သည်။

" ဟင်း ...... ဒီအရွယ်ကလေးကိုမှခိုင်းစားရတယ်လို့ အမေအရင်းကောဟုတ်ရဲ့လားမသိဘူး အပူတွေလောင်ကုန်ရင်ဘယ့်နှယ့်လုပ်မလဲ လူတွေ လူတွေ ကိုယ်ချင်းစာတရား အကြင်နာတရားတွေနည်းပါးကုန်ကြပြီထင်တယ် "

အဘိဓာန်ရဲ့နိယာမ (2021){Complete}Donde viven las historias. Descúbrelo ahora