အဘိဓာန်ရဲ့နိယာမ ~ အခန်း(၂၉)
Zawgyiအေးအေးဆေးဆေး နေတက်တဲ့ အဘိဓာန် နဲ့ နိရဲ့ ဘဝထဲကို ဇွဲမဟော်ဆိုတဲ့ကောင်လေးရောက်လာကတည်းက မအေးဆေးနိုင်တော့။
ကိုကိုလို့ခေါ်ပြီး မထိတထိ စနောက်တက်တဲ့ ဇွဲမဟော်က ကျောင်းပိတ်ရက်တိုင်း အဘိဓာန်တို့ တိုက်ခန်းလေးဆီကို အကြောင်းမျိုးစုံပြပြီးရောက်လာတက်တယ်။
အဲ့ဒီအပြင် ဇွဲမဟော်က သူ့မွေးနေ့ကိုအကြောင်းပြပြီး အဘိဓာန်ကော နိကိုပါ မရမက အိမ်ခေါ်ထမင်းဖိတ်ကျွေးခဲ့သေးသည်။
နိကို မြင်ချင်တဲ့ မိခင်ဖြစ်သူ ဒေါ်ဟန်သူဇာ ဆန္ဒကိုဖြည့်ဆည်းပေးချင်တဲ့ ဇွဲမဟော်က အိမ်ကအလုပ်သမားမွေးနေ့ကိုတောင်မချန် ကြီးကြီးကျယ်ကျယ်လုပ်ပေးပြီး နိနဲ့အဘိဓာန်ကို အိမ်လာအောင် အကြံအဖန်လုပ်ပြီး ထမင်းဖိတ်ကျွေးတက်သည်။
ဇွဲမဟော်ရဲ့ ကြိုးစားတွန်းပို့မှုအပြင် အဘိဓာန်ရဲ့ နားချမှုတွေကြောင့် နိက မိဘတွေနဲ့လည်း အတော်အသင့်ရင်းနှီးနေခဲ့ပြီဖြစ်သည်။
ဒေါ်ဟန်သူဇာကလည်း အနီးကပ် အကဲခတ်လေ အဘိဓာန် နဲ့ နိရဲ့သံယောဇဉ်ကို နားလည်သဘောပေါက်လာလေ။ အထူးသဖြင့် အဘိဓာန် နိအပေါ်ဂရုစိုက်မှုတွေကို ပိုပိုမြင်တွေ့လာရပြီး သူမရဲ့ အတ္တတွေကလည်း ဒီလူသားနှစ်ယောက်ရဲ့ မေတ္တာအောက်မှာ အရှုံးပေးခဲ့ရလေပြီ။
နိကိုသာမက အဘိဓာန်ကိုပါ နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ ဒေါ်ဟန်သူဇာတို့မိသားစုလေးက သူတို့မိသားစုထဲ အဘိဓာန်နဲ့နိယာမကိုဆွဲခေါ်ဖို့ထက် အဘိဓာန်နဲ့နိရဲ့ဘဝလေးထဲမှာ တစ်စိတ်တစ်ဒေသအနေနဲ့ပါဝင်နိုင်ဖို့လောက်သာ မျှော်လင့်တကြီး ကြိုးစားကြတော့သည်။
အချိန်တွေ တရွှေ့ရွှေ့ကုန်ဆုံးသွားခဲ့လေပြီနောက် ……
ဒီညလေးကတော့ တကယ်ကို ရင်ခုန်စရာကောင်းတဲ့ ညလေးပင်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဒီညမှာ တက္ကသိုလ်ဝင်တမ်းစာမေးပွဲ အောင်စရင်းထွက်မှာဖြစ်တာကြောင့်ဖြစ်သည်။
ကာယကံရှင်ဖြစ်တဲ့ နိက တည်ငြိမ်နေသလောက် အဘိဓာန် နဲ့ ဇွဲမဟော်ကတော့ မတည်ငြိမ်နိုင်ပဲ တိုက်ခန်းကျဉ်းကျဉ်းလေးထဲ ဝင်မတိုက်မိရုံတမယ် ဟိုလျှောက် သည်လျှောက်လုပ်ရင်းစိတ်လှုပ်ရှားနေကြသည်။
VOCÊ ESTÁ LENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...