အဘိဓာန်ရဲ့နိယာမ ~ အခန်း (၉)
Zawgyi" နိ ... နောက်ဖေး တံခါးလေးသွားပိတ်လိုက်ပါဦး မှောင်တော့မှာဆိုတော့ ခြင်တွေလာတော့မယ် "
" ဟုတ်ကဲ့ကိုကို "
နိယာမလေးက နောက်ဖေးတံခါးလေးပိတ်ပြီးတာနဲ့ အဘိဓာန်နားမှာပဲပြန်ပြေးကပ်ထိုင်လေသည်။
အဘိဓာန်က စာကိုစိတ်ဝင်တစားဖတ်နေတာမို့ နိလည်း အသံမထွက်ပဲ အဘိဓာန်ဘေးတွင်သာခဲတံတစ်ချောင်းကိုင်ပြီး စာအုပ်ပေါ်သူစိတ်ထဲရှိရာလေးတွေရေးခြစ်နေခဲ့သည်။
" နိ ... အဲ့တာဘာလုပ်တာလဲ "
စာရွက်ပေါ်လက်ဖဝါးလေးတင်ပြီး လက်ဖဝါးပုံစံလေးအတိုင်း ခဲတံကိုအသုံးပြု၍ လက်ဖဝါးပုံရေးခြစ်နေတဲ့နိယာမလေးက အဘိဓာန်မကြိုက်တာကို လုပ်မိသွားတယ်ထင်ပြီး မျက်နှာလေးငြိုးကျသွားသည်။ ထို့နောက် စာအုပ်ကလေးကိုသာ အဘိဓာန်ရှေ့သို့တိုးပြသည်။
" နိက စိတ်ကူးကောင်းသားပဲ ပုံဆွဲတဲ့နေရာမှာ ပါရမီပါတယ်ထင်တယ် လုပ်ပါဦး ကိုကို့လက်လဲဆွဲပေးပါဦး "
အဘိဓာန်၏ ချီးကျူးစကားကြောင့် နိမျက်နှာလေးက ချက်ချင်းရွှင်လန်းလာပြီး ဝမ်းသာအားရနဲ့ အဘိဓာန်လက်လေးကို လှမ်းကိုင်ပြီး စာရွက်ပေါ်တင်လိုက်တော့သည်။
သူ့လက်ဖဝါးရာလေးအတိုင်းဆွဲထားတဲ့ပုံပေါ်မှာပဲ အဘိဓာန်လက်ဖဝါးကို ထပ်တင်ပြီး ခဲစံထိပ်ဖျားလေးကို စာရွက်ပေါ်မှာ လက်ချောင်းလေးတွေရဲ့ အနားစွန်းလမ်းကြောင်းလေးအတိုင်းရွှေ့လျားပြီး သေချာအာရုံစိုက်ကာ ခဲရာထင်စေသည်။
ခဲတံကိုင်တာ အသားမကျသေးတာကြောင့် ဆွဲထားတဲ့ လက်ဖဝါးရာပုံက အနည်းငယ်တွန့်လိမ်ကောက်ကွေးနေသော်လည်း ပုံထွက်ကတော့တကယ်လှသည်။
အဘိဓာန်လက်ဖဝါးနှင့်ယှဉ်လျှင် သေးလွန်းလှတဲ့နိယာမလေးရဲ့လက်ဖဝါးရာလေးက အသဲယားစရာကောင်းနေလေသည်။
" ဝါး ... နိလက်လေးကတကယ်သေးသေးလေးပဲရှိသေးတာပဲ "
အဘိဓာန်ဟာ ပုံကိုကြည့်နေရာမှ အားမလိုအားမရဖြင့် နိလက်လေးကို သူ့လက်ဖဝါးကြီးပေါ်တင်ကာ လက်ချင်းတိုင်းကြည့်နေသေးသည်။
![](https://img.wattpad.com/cover/290823611-288-k696041.jpg)
YOU ARE READING
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...