PART ~ 19

1K 125 4
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၁၉)
Zawgyi

“ဒေါက်တာ လူနာအခြအနေဘယ်လိုရှိလဲဗျ”

“လောလောဆယ်တော့  အခြေအနေကတည်ငြိမ်သွာပါပြီ အောက်ဆီဂျင်ကတော့ဆက်ပေးထားမှရမယ် ကျန်တာကတော့ ကံတရားအတိုင်းပဲပေါ့ဗျာ စိတ်ကို အဆင်သင့်ပြင်ထားတာကောင်းပါလိမ့်မယ်”

“တကယ်ပဲ လက်လွတ်လိုက်ရတော့မှာလား ဒေါက်တာ”

“လူနာကိုဆက်ဆွဲထားမယ်ဆိုလည်း လူနာပဲပင်ပန်းရမှာသိတယ်မဟုတ်လား။ အေးချမ်းစွာသွားနိုင်အောင်လက်လွတ်ပေးလိုက်ပါ။ အဲ့တာကသူ့အတွက် ပိုကောင်းပါတယ်”

လူနာခုတင်ပေါ်က အောက်ဆီဂျင်ပိုက်တက်ထားရတဲ့ ခန္ဓာကိုသေးသေးလေးကိုကြည့်ပြီး အဘိဓာန်ရင်ထဲစူးအောင့်လာရသည်။ မျက်ရည်များကလည်း ထိန်းမရပါပဲ ပါးပြင်ထက်မှ စီးကျလာပြီး အသက်တစ်ခါရှူဖို့တောင်မနည်းအားယူနေခဲ့ရသည်။

“အစ်ကိုလေး …”

ပြူကာပြာကာဖြင့် အလောတကြီးရောက်လာတဲ့သူကြောင့် အဘိဓာန်ရင်ထဲထိတ်သွားရသည်။

“ဘာဖြစ်လာတာလဲ …”

“သူနဲ့မတွေ့ခဲ့ရဘူး …”

“ဘာလို့မတွေ့ခဲ့ရတာလဲ ငါမင်းကိုသေချာမှာထားတယ်လေ”

အဘိဓာန်သည် လူနာကိုရှိနေတာကိုပင်မေ့လျှော့ပြီး တက်ခေါက်ကာ ဒေါသတကြီးအော်ဟစ်မိသည်။

“ဟို ကျွန်တော် လမ်းမှာ ကားပျက်သွားလို့နောက်ကျသွားတာ ဟိုရောက်တော့ အိမ်ပြန်သွားပြီပြောတယ် အဲ့တာနဲ့ အစ်ကိုလေးနေခဲ့တဲ့အိမ်ကို လိုက်သွားတော့ အစ်ကိုလေးအရင်လုပ်ခဲ့တဲ့ အလုပ်ကိုသွားတယ်ပြောလို့လိုက်သွားခဲ့ပေမယ့် အဲ့ကိုရောက်တော့ အဲ့ကိုရောက်တော့ …”

“ဆက်ပြောလေ ဘာလို့ ခွေအကြီးလှည်းနှင်းသလိုလုပ်နေတာလဲ”

“သူ… သူ… မတော်တဆ ကားတိုက်ခံရပြီး ဆေးရုံရောက်သွားတယ်ပြောတယ်”

“ဘာ ….”

အဘိဓာန်သူ့ရှေ့ကလူကို လက်သီးဖြင့် သုံးချက်ဆင့်ကာထိုးလိုက်ပြီး ရင်ဘက်ကိုစောင့်ကန်ကာ ပုံပျက်ဆင်းပျက် လဲကျသွားတဲ့လူရဲ့ အင်္ကျီကော်လံစကိုဆုပ်ကိုင်ပြီး

အဘိဓာန်ရဲ့နိယာမ (2021){Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ