အဘိဓာန်ရဲ့နိယာမ ~ အခန်း(၂၄)
Zawgyiဖခင်လက်ပေါ်တွင် ပျော့ခွေပြီးပါလာတဲ မိခင်ကိုကြည့်ပြီး ဇွဲမဟော် အိမ်ထဲမှ အပြေးတစ်ပိုင်ထွက်လာတော့သည်။
“ဖေဖေ …မေမေဘာဖြစ်လာတာလဲ”
“အိမ်ထဲရောက်မှပြောရအောင်သား”
မိသားစုသုံးယောက် ဧည့်ခန်းထဲမှာထိုင်ပြီးတဲ့နောက် …
“ဒီနေ့ကိစ္စမှာ ရှင်မလွန်တယ်”
“ကျွန်မသိတယ်။ ဒါပေမယ့်ကျွန်မ သားကိုပြန်လိုချင်တယ်။ သားကို ကျွန်မအနားမှာခေါ်ထားခြင်တယ်။”
“ရှင်မတောင် ကိုးလလွယ် ဆယ်လဖွားပြီး နို့ချိုသုံးရက်ပဲတိုက်ကျွေးခဲ့ရတဲ့ ကလေးကို ဒီလောက် သံယောဇဉ်ဖြစ်နေရင် ဆယ်နှစ်ကျော်ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့ မောင်အဘိဓာန်ဆိုရင် ဘယ်လောက်များ သံယောဇဉ်ဖြစ်နေလိမ့်မလဲ ဆိုတာ ကိုယ်ချင်းစာသင့်တယ်။
ပြီးတော့ မောင်အဘိဓာန်ကြောင့်သာမဟုတ်ရင် အစ်ကိုတို့သားလေးဘဝက ထွေးကြွယ်ကြောင့် ဘာတွေဖြစ်နေခဲ့မလဲဆိုတာတွေးတောင်မတွေးရဲဘူး။ ရှင်မ အခုလုပ်ပုံက ကျေးဇူးရှင်ကို စော်ကားလိုက်သလိုပဲ။”“အဲ့တာတွေ အားလုံးက ဘယ်သူ့ကြောင့်ဖြစ်ခဲ့ရတာလဲ”
“ဟုတ်ပါတယ် အားလုံး အစ်ကို့အမှားပါ။ အစ်ကိုသာ ထွေးကြွယ်နဲ့ မပတ်သတ်ခဲ့မိရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။ အားလုံးက အစ်ကိုအပြစ်တွေကြီးပါပဲ။ အဲ့တာကြောင့် အပြစ်မရှိတဲ့ ကလေးတွေကို စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့”
“ကျွန်မသားကို ပြန်လိုချင်တာပဲသိတယ်”
ဒေါ်ဟန်သူဇာတစ်ယောက် အခြေအနေအားလုံးကို သဘောပေါက်ပါလျက်နဲ့ ခင်ပွန်းဖြစ်သူစကားကို နားမဝင်နိုင်။
မိမိ အလိုဆန္ဒပြည့်ဝဖို့ တစ်ခုတည်းအတွက် လွန်လွန်ကျူးကျူး လုပ်ရပ်တွေကိုလုပ်ရင်း မကောင်းမှုတစ်ခုကို ကျူးလွန်မိမှန်းမသိ ကျူးလွန်ဖို့ စိတ်အားထက်သန်နေသည့် ဒေါ်ဟန်သူဇာက မျက်ရည်များသာကျရင်း ခေါင်းမာနေဆဲ။
“မေမေရယ် မငိုပါနဲ့တော့။ ဖေဖေ… အခု ဘာတွေဖြစ်လာခဲ့လို့လဲ”
VOUS LISEZ
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Roman d'amour" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...