PART ~ 07

1.1K 149 15
                                    

အဘိဓာန်ရဲ့နိယာမ ~ အပိုင်း (၇)
Zawgyi

" အဘိဓာန် ... အဘိဓာန် ... မင်း ဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်တော့ဘူးထင်ပါတယ် ...... အသက်မပြည့်သေးတဲ့မင်းက ကလေးတစ်ယောက်ကို ဘယ်အတိုင်းအတာအထိများ တာဝန်ယူနိုင်မှာမို့လို့လဲကွာ ...... "

ပြတင်းတံခါးမှတစ်ဆင့်မြင်နေရတဲ့ မိုးရေစက်တွေကိုငေးကြည့်ရင်း အဘိဓာန် သက်ပြင်းအကြိမ်ကြိမ်အခါခါချသည်။

ထို့နောက် ဘေးတစ်ဘက်သို့ လည်ပြန်တစောင်းငဲ့ကြည့်ပြီး နေ့လည်ကအဖြစ်အပျက်များကို ပြန်လည်မြင်ယောင်မိသည်။

" နိ ငိုနေတယ် "

နိငိုနေတယ်ဆိုတဲ့အသိ ......

အဲ့ဒီအသိနဲ့အတူ အမျိုးအမည်မသိနိုင်တဲ့ခံစားချက်တစ်ခုက ရင်ဘက်တစ်နေရာဆီကနေ အချက်ပြသည်။

အံ့သြထိတ်လန့်မှုနှင့်အတူ တစ်ကိုယ်လုံးတောင့်တင်းနေသည်ကြောင့် မလှုပ်မယှက်နိုင်အောင်ဖြစ်နေသော်လည်း ရှိုက်သံခပ်ပြင်းပြင်းနဲ့ငိုနေတဲ့ကလေးကို ဂရုဏာသက်စွာငုံ့ကြည့်မိသည်။

ပြန်လည်မော့ကြည့်လာတဲ့ မျက်နှာလေးဟာ မေးလေးများတဆက်ဆက်တုန်သည်အထိ ဝမ်းနည်းတကြီး ငိုကြွးနေတာကြောင့် နီရဲလို့နေသည်မှာ မကြည့်ရက်စရာ။

တစ်ခွန်းဆို တစ်ခွန်းဆိုသလောက် အဘိဓာန်ရင်ကိုခွင်းမယ့် မြှားတစ်စင်းပမာ နာကျင်စေခဲ့သည့် "နိကို မစွန့်ပစ်ပါနဲ့" ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ အဘိဓာန်ဟာ ထိုကလေးလက်ကို ပြန်လည်ဆုပ်ကိုင်မိခဲ့သည်။

အတွေးနဲ့တင် နောက်တစ်ကြိမ်ပြန်လည်နာကျင်လာတဲ့ နှလုံးသားကြောင့် အဘိဓာန်မသိလိုက်ခင်မှာပဲ မျက်ရည်ဝဲမိပြန်သည်။

ပုဆိုးအနားစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အိပ်နေတဲ့ကလေးရဲ့ လက်သေးသေးလေးကို ဖယ်ရှားမိတော့

" ကိုကို ...... " ဆိုတဲ့ မပီမသ ထုတ်ညည်းသံလေးကိုကြားလိုက်ရသည်။

နိဟာ သူ့ကိုစွန်ပစ်မှာကြောက်သည့်နှယ် အိပ်တာတောင်မှ အဘိဓာန်ပုဆိုးစကိုကိုင်ပြီး အနားမှာကွေးကွေးလေး လာခွေအိပ်သည်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Where stories live. Discover now