PART ~ 27

957 108 9
                                    


အဘိဓာန်ရဲ့နိယာမ ~ အခန်း(၂၇)
Zawgyi

အရပ်အနည်းငယ်ပိုရှည်တဲ့ ကောင်လေးက လွယ်အိတ်ကလေးလွယ်ထားပြီး ကောင်လေးတစ်ယောက်ရဲ့လက်ကို ပေါ့ပေါ့ပါးပါးပင်ကိုင်ပြီးလမ်းလျှောက်နေခဲ့သည်။

တွဲထားတဲ့ လက်တွေကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်အတိုင်းအတာထိ ရင်နှီးပြီး သံယောဇဉ်တွေခိုင်မြဲနေမလဲဆိုတာကို သိမြင်နိုင်သည်။

“နိ … ပင်ပန်းနေပြီလား”

“အဲ့တာ နိက ကိုကို့ကိုမေးရမှာလေ။ ကိုကိုက တစ်ပါတ်လုံးအလုပ်လုပ်ပြီး နားရက်လေးမှာတောင် နိကို သင်တန်း လိုက်အပ်ပေးနေရလို့ မနားရတော့ဘူး။”

နိက စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ပြောနေရင်း အဘိဓာန်ရဲ့ ကျောပေါ်မှာလွယ်ထားတဲ့ လွယ်အိတ်ကို လက်လှမ်းနေပြန်တယ်။

အဘိဓာန်ကတော့ နိလက်တွေထဲက အသာလေးရှောင်တိမ်းပြီး လွယ်အိတ်ကို အပါမခံ။

“ကိုကို ညောင်းနေမယ်”

အဘိဓာန်က နိလွယ်အိတ်ကို လုံးဝမပေး။

“နိ …. ရေခဲမုန့်စားလား”

“စားမယ်ကိုကို”

မေးလိုက်တာက နိကို ဖြစ်သော်လည်း မဆိုင်းမတွ အဖြေပေးလာတာက ဇွဲမဟော်။

“မင်းကိုမမေးဘူး နိကိုမေးတာ”

အဘိဓာန်က မျက်နှာထားတည်တည်နဲ့ပြန်ပြောတော့ ဇွဲမဟော်တို့ စတင်ကာ ငိုချင်းချပါတော့သည်။

“တစ်မနက်လုံး နောက်ကလိုက်နေရတာ။ သွားတာတွေကလည်းစုံလို့။ လူလည်းမောလို့သေတော့မယ်။ ရေခဲမုန့်လေးတော့ကျွေးပါဗျာ။ သားကို မသနားဘူးလား။”

ပါပီမျက်လုံးလေးတွေနဲ့ တစ်ဖန်သနားစရာကောင်းအောင်ချွဲလာပြန်တဲ့  ဇွဲမဟော်က တကယ်ကို မနိုင်စိန်။

အဘိဓာန်က ခေါင်းတခါခါနဲ့ စကားများလွန်းတဲ့ ကောင်လေးကို ထားခဲ့ပြီး နိကိုခေါ်ကာ ရေခဲမုန့် ဆိုင်ထဲဝင်ပြီး နိကို ကတော့နဲ့ ရေခဲမုန့်တစ်ခုဝယ်ကျွေးလိုက်သည်။

“ကိုကိုက ဘယ်အသက်အရွယ်မို့ ကတော့နဲ့စားရတာလဲ”

“နိငယ်ငယ်ကတည်းက ငါကတော့နဲ့ ရေခဲမုန့်ပဲဝယ်ကျွေးလားတာ ဘာကပြဿနာဖြစ်နေလို့လဲ”

အဘိဓာန်ရဲ့နိယာမ (2021){Complete}Tahanan ng mga kuwento. Tumuklas ngayon