အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၆)
Zawgyiခြောက်ကပ်ကွဲအပ်နေတဲ့ ရယ်သံကြီးက မှောင်မဲနေတဲ့ အခန်းထဲက ခြောက်ခြားစွာထွက်ပေါ်လာခြင်းဖြစ်တယ်။
အမှောင်ထဲမှာပျောက်ကွယ်နေတဲ့ မျက်ရည်စတွေက သူမရဲ့စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ချို့ကို မဖုံးကွယ်ထားနိုင်ခဲ့။
ဘာလို့လဲဆိုတဲ့ မေးခွန်းကိုသာ သူမစိတ်ထဲက ထပ်ခါထပ်ခါမေးမိနေတယ်။
“လောကကြီးက မတရားဘူး”
သူမနှုတ်ခမ်းတွေက ရဲရင့်နေပေမယ့် သူမမျက်ဝန်းတွေက နာကျင်မှု ခံပြင်းမှုတွေနဲ့ပြည့်နှက်နေတယ်။
“သေတော့မယ့်အဖိုးကြီးရဲ့ ခြေတော်တင်တာကို ငါးနှစ်လောက်ခံခဲ့ရပြီး လက်မှာသွေးစွန်းခံခဲ့တဲ့အထိပေးဆပ်မှုက သေခြင်းတရားတဲ့လား”
ဟုတ်ပါတယ်။ ဒေါ်ထွေးကြွယ် တစ်ဖြစ် ဒေါ်မြတ်ချယ်က သူမထက် အသက်နှစ်ဆယ်နီးပါးကြီးတဲ့ အိုကြီးအိုမအဘိုးကြီးနဲ့လက်ထပ်ပြီး အချိန်အတော်ကြာအောင် ပြုစုပေးခဲ့ရတယ်။
အဲ့ဒီအဖိုးအခအဖြစ် သူဘဝက အေးဆေးတည်ငြိမ်ခဲ့သလို ငွေကိုရေလိုသုံးနိုင်ခဲ့တယ်။ အပိုဆုအနေတဲ့ ချုစားတဲ့ မိန်းမပျက်အမည်တပ်ခံခဲ့ရပြီး လင်ပါသားသမီးတွေရဲ့အငြိုအငြင်ခံခဲ့ရတာကိုတော့ သူမက သဘောမကျခဲ့။
အဲ့တာကြောင့်လည်း အဘိုးကြီးကို မြန်မြန်သေအောင် နှစ်ပေါင်းများစွာ မသိမသာနဲ့ ဆေးတွေတိုက်ပြီး အလိုအလျှောက်သေစေခဲ့သလို ကျန်ရှိနေတဲ့ သားနဲ့ချွေးမကိုလည်း လင်ငယ် အုန်းမောင်ကို အချိုသတ်ပြီး လက်စဖျောက်ခိုင်းခဲ့တယ်။
နောက်ဆုံး အရိပ်အကဲ ကြည့်ရမည့်သူတစ်ယောက်မှမရှိတော့တဲ့ ဒီအိမ်ကြီးထဲမှာ မျက်မမြင်ကောင်လေးတစ်ယောက်ရဲ့ အုပ်ထိန်းသူ အဖွား အဖြစ် စည်းစိမ်အားလုံးကို ပိုင်ဆိုင်နိုင်ခဲ့သည်။
သူ့ဘဝပြည့်စုံအေးချမ်းပြီလိုထင်တဲ့အချိန်မှာ သူအတွေ့ချင်ဆုံးသူအကြောင်းကို စုံစမ်းခဲ့တယ်။ အခုအချိန်လောက်ဆို သူမက အဲ့ဒီလူအရှေ့မှာ ခေါင်းမော့ရင်ကော့နေနိုင်နေပြီလေ။
BẠN ĐANG ĐỌC
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Lãng mạn" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...