အဘိဓာန်ရဲ့နိယာမ ~ အခန်း (၂)
Zawgyiလက်တစ်ဖက်က ငါးနှစ်သားကလေးငယ်ကိုပွေ့ချီပြီး လက်တစ်ဖက်ကလည်းထီးကို ကလေးလေးဘက်သို့ပိုပိုသာသာလေးလုံအောင်ဆောင်းပေးထားတဲ့ ကောင်လေးက တာဝေးအပြေးသမားတစ်ယောက်ကဲ့သို့ နီးစပ်ရာဆေးခန်းသို့ပြေးလွှားနေခဲ့သည်။
ဆေးခန်းရှေ့သို့အရောက်မှာပဲ ဆေးခန်းတံခါးကိုပိတ်နေသည့်ဆရာဝန်ကိုတွေ့လိုက်ရတာမို့
" ဒေါက်တာ ... ဒေါက်တာ ခဏလေးပါဗျာ" လို့အော်ရင်း ဒေါက်တာ့လက်ကိုဆွဲလိုက်မိသည်။
" ဘာဖြစ်လာကြတာလဲ"
" ကလေး ခွေးကိုက်ခံထားရလို့ ပြီးတော့ ... "
" ဟုတ်ပြီ အထဲဝင်ရအောင် ...... "
ဆရာဝန်ကသဘောကောင်းပုံရသည်။ အဘိဓာန်တို့အတွက်နဲ့ စိတ်ရှည်စွာဖြင့် ဆေးခန်းကိုပြန်ဖွင့်ပေးခဲ့သည်။
အခန်းထဲရောက်တာ့
" ကလေးအင်္ကျီက မိုးရေတွေရွှဲနေတာပဲ " ဟုဒေါက်ကဆိုလာသဖြင့်
အဘိဓာန်သည် ကျောပိုးအိတ်ထဲက ကျွတ်ကျွတ်အိတ်ကိုထုတ်ယူလိုက်တော့သည်။ ကျွတ်ကျွတ်အိတ်ထဲမှာတော့ လိုရမယ်ရ ဝတ်လို့ရအောင်ထည့်ထားသည့် အကျီင်္လက်ရှည်အနီကွက်လေးတစ်ထည်ရှိနေခဲ့သည်။
ကလေးငယ်ရဲ့ အင်္ကျီနဲ့ဘောင်းဘီကို ချွတ်ပြီး အဘီဓာန်ရဲ့ အင်္ကျင်္ီကို လဲဝတ်ပေးလိုက်သည်။ ရှည်နေတဲ့ အင်္ကျီလက်ကို ခေါက်တင်ပေးပြီး အကျီင်္အောက်အနားစကိုသေချာဆွဲချလိုက်တော့ ဘောင်းဘီမဝတ်ထားသော်လည်းအရှက်လုံသွားခဲ့သည်။
ပြီးကာမှ ဒေါက်တာက ကလေးကို စတင်စမ်းသပ်တော့သည်။
" အဖျားကြီးနေတာပဲ အဟာရလည်းပျက်နေပုံရတယ် သူ့ကိုခွေးရူးပြန်ကာကွယ်ဆေးလည်းထိုးပေးဖို့လိုတယ် "
" ဘယ်လိုလုပ်ရမလဲဆရာ "
" လောလောဆယ် ကလေးသက်သာအောင် ဆရာအဆင်ပြေသလိုကြည့်လုပ်ပေးပါမယ့် နောက်နေ့တွေမှာ ဆေးခန်းထပ်လာပြဖို့တော့လိုမယ် "
" ဟုတ်ကဲ့ ဒါနဲ့ဒေါက်တာ ဆေးတွေကဈေးကြီးလားဗျ ကျွန်တော့လက်ထဲပိုက်ဆံပါမလာခဲ့လို့ပါ ကလေးနဲ့ကလည်းလမ်းမှာရုတ်တရက်တွေ့ခဲ့တာဆိုတော့ "
BẠN ĐANG ĐỌC
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Lãng mạn" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...