PART ~ 33

860 92 11
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၃)
Zawgyi

မိုးခြိမ်းသံကဲ့သို့ ထိတ်လန့်စရာကောင်းအောင်ထွက်လာတဲ့ တက်ခေါက်သံရဲ့နောက်မှာ နီရဲတဲ့မျက်ဝန်းများက တစ္ဆေတစ်ကောင်ဝင်ပူနေသကဲ့သို့ ဒေါသမီးများအရှိန်အဟုန်ဖြင့်တောက်လောင်လျှက်ရှိသည်။

သူမ သိလိုက်ရတဲ့ အကြောင်းအရာတွေကြောင့် မတည်မငြိမ်ဖြစ်နေခဲ့ရာမှ မျက်ဝါးထင်ထင် မြင်လိုက်ရပြီဖြစ်တဲ့ မိသားစုပုံလေးကြောင့်  အငြိုး အာဂတ အမုန်းများက လောင်မြိုက်နေတဲ့မီးကို ဆီထပ်ဖြတ်လိုက်သကဲ့သို့ ဖြစ်လာရသည်။

“ငါ့လမ်းကြောင်းမှာ ပိတ်နေတဲ့သူမှန်သမျှရှင်းထုတ်ပစ်ရမှာပဲ”

ဒေါ်မြတ်ချယ်က သူဘာသာရေရွတ်သလိုပြောနေပေမယ့် တစ်စုံတစ်ယောက်ကို အမိန့်ပေးနေသည်နှင့်လည်းတူသည်။

ဘယ်အချိန်ပေါက်ကွဲမှန်းမသိတဲ့ ဗုန်းတစ်လုံးကို ကိုင်ထားရသလိုဖြစ်နေတဲ့ အုန်းမောင်ဆိုသူမှာလည်း အသံတိတ်နဲ့သာ နာခံလျှက်ရှိသည်။

အခုချိန်မှာ သူစကားတစ်ခွန်းမှားပြောလိုက်မိတာနဲ့ ဦးဆုံးအန္တရာယ်ဖြစ်နိုင်သည့်သူမှာ သူသာလျှင်။

ဒေါ်မြတ်ချယ်က အလေးအနက် စဉ်းစားနေဟန်ဖြင့် ခဏတာ တိတ်ဆိတ်နေခဲ့ပြီး ထပ်မံ၍ စကားတစ်ခွန်းကို ပီပီသသလေးလေးပင်ပင်ပြောလာခဲ့ပြန်သည်။

“သူ့ဘေးက လူကိုအရင်ရှင်း”

ဒီလောက်ဆို အုန်းမောင် တစ်ယောက် သူဘာလုပ်ရမည်ဆိုတာကို သဘောပေါက်လိုက်သည်။

“တကယ်လည်း သူက သေသင့်ပါတယ်။ သူက ငါ့လက်ထဲက ဒေါ်သူဇာဟန်ရဲ့ မျက်ရည်အိုးလေးကို လုယူထားတဲ့သူမဟုတ်လား။ ဒါက သူနဲ့ထိုက်တန်ပါတယ်။ သူ့ကြောင့် ငါကလဲ့စားချေတဲ့ ကိစ္စက မအောင်မြင်နိုင်ခဲ့တာ။ သူသာအဲ့ကောင်စုတ်လေးကို စောင့်ရှောက်မပေးခဲ့ဘူးဆို ဒေါ်သူဇာဟန်ဆိုတဲ့ မိန်းမယုတ်က မျက်ရည်ကို ဒူးနဲသုတ်ပြီး တစ်ဘဝလုံး စိတ်မချမ်းမသာနဲ့ဖြတ်သန်းသွားရမှာ။ အခုတော့ သူတို့က ပျော်နေတယ်တဲ့လား မဖြစ်သင့်တာတွေ။”

အဆုံးသတ်မှာ ခြောက်ကပ်ကပ်ရယ်သံကြီးနဲ့ အဆုံးသတ်ပစ်လိုက်တဲ့ ဒေါ်မြတ်ချယ်က ရှေ့လက်တစ်ကမ်းအကွာက ဝိုင်ကို ယူပြီးသောက်သည်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Where stories live. Discover now