အဘိဓာန်ရဲ့နိယာမ ~ အခန်း(၁၄)
Zawgyiမနက်ခင်းတွေကတော့ သာမန်ရိုးကျဘဝတစ်ခုမှာ ပုံတူကူးချထားသလိုပဲ အထူးအဆန်းတော့ဖြစ်မနေ။
"နိ .... ကိုကိုထည့်ပေးတဲ့မုန့်တွေဘာလို့မစားတာလဲ"
နိရဲ့လွယ်အိတ်လေးထဲမှာ သုံးရက်တိုင်အောင် အရာမယွင်းပဲရှိနေသေးသည့် နို့ဝေဖာချောင်းလေးနဲ့ ကိတ်ခြောက်မုန့်ထုပ်တွေကို ကိုင်ပြီးမေးတော့ နိက
"နိ .... ဗိုက်မဆာလို့ပါ" ဆိုပြီးပြန်ဖြေလာသည်။
"ဟုတ်လို့လား အမှန်တိုင်းပြောပါ ဘာလို့မစားတာလဲ"
" နိအတွက် မုန့်တွေမဝယ်ပါနဲ့တော့ ကိုကိုပိုက်ဆံတွေကုန်လိမ့်မယ်"
" နိက စားလို့ကုန်သွားရင် ကိုကိုထပ်ဝယ်ပေးမှာဆိုးလို့မစားတာပေါ့ ဟုတ်လား"
"ဟုတ်ကဲ့"
"နိ .... နိက အခုအရွယ်မှာ ကောင်းကောင်းစားမှ အရပ်လည်းရှည် လူကောင်လည်းထွားမှာပေါ့။ နိက အဲ့လိုထွားကြိုင်းပြီးသန်မာတဲ့ကောင်လေးတစ်ယောက်ဖြစ်လာမှ ကိုကို့ကို ကာကွယ်ပေးလို့ရမှာလေ။ နိပြောတော့ နိမြန်မြန်ကြီးလာပြီးကိုကို့ကိုကာကွယ်ပေးချင်တယ်ဆို။ ဘာမှမစားပဲပိန်ညောင်လေးဖြစ်နေရင် ကိုကို့ကိုဘယ်လိုကာကွယ်ပေးနိုင်မှာလဲ"
"နိ နားလည်ပါပြီ ကိုကို"
"နိက လိမ္မာတယ်။ ကိုကိုအဆင်မပြေတဲ့အခါ အဆင်မပြေဘူးလို့နိကိုပြောပြပေးမယ် အဲ့တာကြောင့် နိက ကိုကိုအဆင်မပြေဖြစ်မှာစိတ်မပူနဲ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့"
"ဟုတ်ပြီ ကိုကိုမူကြိုလိုက်ပို့ပေးမယ်"
အခါတိုင်းဆို ကျောင်းဝန်းနားထိပဲလိုက်ပို့ပေးနေကျဆိုပေမယ့် ဒီနေ့မှာတော့ အဘိဓာန်ကိုယ်တိုင် နိကိုအခန်းထဲထိလိုက်ပို့ပေးခဲ့သည်။
နိကို အခန်းထဲမှာနေရာချပေးပြီးမှ နိဆရာမကို စကားပြောဖို့ခွင့်တောင်းခဲ့သည်။
"မနေ့က ကိစ္စအတွက် ဆရာမကို နိအစား အုပ်ထိန်းသူဖြစ်တဲ့ကျွန်တော်ကပဲတောင်းပန်ပါတယ်"
![](https://img.wattpad.com/cover/290823611-288-k696041.jpg)
ESTÁS LEYENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...