PART ~ 31

874 104 8
                                    


အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၁)
Zawgyi

တဖြောက်ဖြောက် ကျနေတဲ့ မိုးစက်တွေက တဖြည်းဖြည်းနဲ့ ပိုမိုသိပ်သည်းစွာ ကျလာတာကို မှန်ပြတင်းတံခါးမှတဆင့် မြင်နေရသည်။

ကောင်းကင်ကို တစ်ချက်မော့ကြည့်တော့ အုံ့စိုင်းညိုမဲနေသည်မှာ တခဏတွင်းချင်း ရေတွေကို မိုးပေါ်က သွန်ချပစ်တော့မည့်အတိုင်းပင်။

နိယာမက သူ့လက်ထဲက ဖုန်းကိုဖွင့်ပြီး စာကြောင်းတစ်ကြောင်းရေးလိုက်သည်။

“မိုးရွာနေတယ်ကိုကို နိကိုလာမစောင့်နဲ့တော့”

လိုရင်းတိုရှင်း စာသားလေးကို ရေးပြီးတဲ့နောက် ကိုကို့ဆီသို့ ဖုန်းမှတစ်ဆင့် စာလှမ်းပို့လိုက်တော့သည်။

ဖုန်းမျက်နှာပြင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေတဲ့ နိယာမက ပြန်စာအလာကို မျှော်နေခြင်းဖြစ်သည်။

စက္ကန့်မှ မိနစ်သို့ ကူးပြောင်းချိန်မှာတော့ ဖုန်းမျက်နှာပြင်က လင်းလာခဲ့သည်။

ကိုကို ဆိုတဲ့ အမည်နဲ့ ပို့လာတဲ့ စာကြောင်းကို ချက်ချင်း ဖွင့်ဖတ်လိုက်တော့

“ကိုကိုသိပြီ စာမပြန်နဲ့တော့ စာကြိုးစား”

ကိုကိုက ကီးပတ်ဖုန်းလေးကနေ ခက်ခက်ခဲခဲ စာရိုက်ပြီး ပို့လိုက်တာမို့ စကားက ခပ်ပြတ်ပြတ်ဖြစ်နေသည်။

ကိုကိုက နိကို စာလုပ်တာပျက်မှာစိုး၍ စားပြန်မပို့စေချင်ကြောင်းနားလည်လိုက်သည်။

သို့သော် သိပြီဆိုတဲ့ စကားက နိစကားကို နားထောင်ပါမည်လို့ ဆိုလိုခြင်းမဟုတ်တာကြောင့် နိစိတ်ထဲ မတင်မကျနဲ့ စိုးရိမ်ပူပန်နေမိသည်။

အခုနိက ဆေးကျောင်းတက်နေပြီဖြစ်သည်။

ကိုကို့ထောက်ပံ့ပေးမှုတွေကြောင့် ကျောင်းတက်ရာမှာ အခက်အခဲမရှိ။

ကိုကို့က အရင်ကထက် အလုပ်ကြိုးစားသလို့ အချိန်မရတဲ့ကြားက နိကို အရင်ကထက် ပိုဂရုစိုက်ပေးတက်သည်။

အရမ်းပင်ပန်းနေပုံရတဲ့ ကိုကိုက နိရှေ့မှာ အမြဲပြုံးနေတက်သည်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Tahanan ng mga kuwento. Tumuklas ngayon