အဘိဓာန်ရဲ့နိယာမ ~ အခန်း(၃၈)
Zawgyiကျောင်းဝင်းအတွင်းမှာ ကျောင်းသားကျောင်းသူများရဲ့ သွားလာလှုပ်ရှားမှုပုံရိပ်များနဲ့ပြည့်နှက်နေသည်။
နေ့လည်စာ စားချိန်တွင် ပြည့်မောင်နဲ့ နိတို့နှစ်ယောက် ထမင်းချိုင့်ကိုယ်စီဖြင့် ကျောင်းဝင်းပြင်ပသို့ထွက်လာခဲ့ကြသည်။
အကြောင်းမှာကာ သူတို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းမှတ်စုတစ်ချို့ကို မိတ္ထုဆွဲရန်ရှိနေသည့်အပြင် ဒီနေ့က ပြည့်မောင်မွေးနေ့ဖြစ်တာကြောင့် ပြည့်မောင်က မုန့်ဝယ်ကျွေးချင်သည်ဟု ပူဆာလာသောကြောင့်ဖြစ်သည်။
ပြည့်မောင်နဲ့ နိတို့ လိုအပ်တဲ့စာရွက်စာတမ်းများ မိတ္ထူဆွဲပြီးတဲ့နောက် အအေးဆိုင်မှာထိုင်ပြီး မုန့် အနည်းငယ်နဲ့ အအေးမှာကာ ထမင်းချိုင့်ဖွင့်စားလိုက်ကြသည်။
“ပြည့်မောင် မွေးနေ့မှာပျော်ရွှင်ပါစေ”
“ကျေးဇူးပါပဲ နိယာမ။ ဒီတစ်ခေါက် ငါ့မွေးနေ့မှာသူငယ်ချင်းတစ်ယောက်ရှိနေပေးလို့ ငါတကယ်ပျော်တယ်”
ပြည့်မောင်က အသံတိုးတိုးလေးနဲ့ ပြုံးကာပြောလာသည်။
“မင်းမှာသူငယ်ချင်းမရှိဘူးလား”
“အင်း ….။ ငါတို့က ဆင်းရဲတယ်လေ။ အဲ့တော့ အဖေက ငါ့ကို ပညာတက်ကြီးသိပ်ဖြစ်စေချင်တာ။ အဖေက သူတို့ဆင်းရဲရတာ ပညာမတက်လို့ဖြစ်ရတာလို့ အမြဲပြောပြီး ငါ့ကို စာကြိုးစားဖို့အမြဲပြောတယ်။ စာလည်းမတက် အသက်မွေးဝမ်းကျောင်းပညာလည်းမတက်ရင် ရှာဖွေစားသောက်ဖို့ခက်ခဲ့တာကြောင့် ငါ့အဖေက ငါ့ကို အချိန်ပြည့်စာလုပ်ခိုင်းတယ်။ အဲ့တော့ ငါ့မှာ ကစားဖော်သူငယ်ချင်းမရှိဘူး။ စာတော်လို့ မနာလို့တဲ့သူနဲ့ ဆင်းရဲ့လို့ မပေါင်းချင်တဲ့သူက များတယ်။”
“ငါ့မှာလည်း တစ်ယောက်ပဲရှိခဲ့ဖူးတာပါ မင်းနဲ့သိပ်မကွာပါဘူး”
“ဒါဆို ငါကမင်းရဲ့ ဒုတိယမြောက်သူငယ်ချင်းပေါ့ ကောင်းလိုက်တာ”
ပြည့်မောင်က သူကိုယ်သူ အတော်လေးကို ဂုဏ်ယူနေတဲ့ပုံစံနဲ့ ပျော်ရွင်နေတာကြောင့် နိပါလိုက်ပြုံးလိုက်မိတယ်။
BẠN ĐANG ĐỌC
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Lãng mạn" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...