PART ~ 04

1.2K 146 7
                                    

အဘိဓာန်ရဲ့နိယာမ ~ အပိုင်း (၄)
Zawgyi

အဘိဓာန်သည် ၂၀လီတာ ရေသန့်ဘူး တစ်ဘူးကို ပုခုံးပေါ်ထမ်းတင် တစ်ဘူးကိုတော့လက်ဖြင့်ဆွဲပြီး ရေသန့်မှာယူတဲ့ ကုမ္ပဏီတစ်ခုရဲ့ အဆောက်အဦးအတွင်းသို့ဝင်သွားခဲ့သည်။

ပုဆိုးတိုတို အကျီင်္ခပ်နွမ်းနွမ်းနဲ့ နားထင်မှာချွေးစေးကျသည်အထိ ညစ်နွမ်းနွမ်းဖြစ်နေပုံရသည့် အဘိဓာန်မှာ နဂိုရုပ်ခံအရှိန်ကြောင့် ကြည့်ကောင်းနေပုံမှာ သူမတူအောင်ပင်။

ဖြူသည်ဟုမဆိုသာသော်လည်း အညိုဘက်သွားသည့် အသားအရည်ကပင် ဆွဲဆောင်မှုရှိလွန်းနေသည်။ အထူးသဖြင့် ထူထည်းနက်မှောင်တဲ့ မျက်ခုံးများက အဘိဓာန်ရဲ့မျက်နှာသွင်ပြင်ကို ထင်ရှားအောင်ပံ့ပိုးပေးနေသကဲ့သို့ စူးရှတောက်ပသည့် မျက်ဝန်းနက်နက်တွေကလည်း ဗို့အားအပြင်းစားနဲ့ ညို့ငင်ဆွဲယူလေ့ရှိပြန်သည်။

" မောင်လေး ဟိုနေ့ကလာပို့တာမောင်လေးမပါဘူးနော် "

အဘိဓာန်ကို တစ်ခေါက်လောက်မှမမြင်လိုက်မိရင် အဲ့လိုမေးယူရသည်အထိ အဘိဓာန်က အလွန်စန်းပွင့်သည်။

" ဟုတ်တယ် အစ်မ ကျွန်တော်တို့ အလှည့်ကျပို့ပေးနေရလို့ပါ "

ပိုက်ဆံရှင်းပေးမယ့် ရုံးအကူဝန်ထမ်းအစ်မက ပိုက်ဆံကိုအရင်ရှင်းမပေးပဲ အဘိဓာန်ကို သူသိချင်တာတွေကို အရင်မေးနေတာကြောင့် အဘိဓာန်စိတ်ရှုပ်မိသည်အထိပင်။ ထိုသို့ အဖြစ်မျိုးက အဘိဓာန်ရေလာပို့တိုင်းဖြစ်နေကြဖြစ်သော်လည်း တစ်ခါတစ်လေတော့လည်း အဘိဓာန်စိတ်မရှည်ဖြစ်ရသည်။

" ဖြစ်နိုင်ရင်မောင်လေးပဲ လာပို့ပါလားကွယ် အခြားသူတွေက စကားပြောဆိုရတာသိပ်အဆင်မပြေဘူး မောင်လေးလိုလဲစိတ်မရှည်ဘူး ပြီးတော့ ရေဘူးတွေကို အထဲထိရောက်အောင်မပို့ပေးချင်ကြဘူး မနည်းအာပေါက်အောင်ပြောရတယ်။ မောင်လေးက သဘောကောင်းလို့ အစ်မကတော့မောင်လေးကိုပဲသဘောကျတယ်။ "

"ဟုတ်ကဲ့ခင်ဗျ"

ခပ်သွက်သွက်စကားဖြတ်ပြီး လှည့်ထွက်လာခဲ့တဲ့ အဘိဓာန်။

အဘိဓာန်ရဲ့နိယာမ (2021){Complete}Where stories live. Discover now