PART ~ 26

915 112 4
                                    

အဘိဓာန်ရဲ့နိယာမ ~ အခန်း(၂၆)
Zawgyi

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာလေ နိစိတ်ထဲ အလိုမကျမှုတွေက ကြီးစိုးလာလေ။

တကယ်တော့ ဒီနေ့မှာ ကုမ္ပဏီမိတ်ဆုံစားပွဲရှိလို့ အိမ်ပြန်နောက်ကျမည်ဆိုသည့် ကိုကို့စကားကို အမှတ်ရနေ မိသော်လည်း သူကတော့ ကိုကို့ ကိုမြန်မြန်တွေ့ချင်နေလေပြီ။

နာရီကိုကြည့်လိုက် ပြတင်းတံခါးပေါက်မှတစ်ဆင့် မြင်နေရတဲ့ လမ်းလေးကိုကြည့်လိုက်နဲ့ နိမျက်နှာက အနည်းငယ် ပျက်ယွင်းစပြုလာလေပြီ။

ဆယ်နာရီသို့ ညွန်ပြနေတဲ့ နာရီလက်တန်တိုးလေးက နိကို စိတ်ဆိုး ဒေါသထွက်စေဖို့ လုံလောက်စေခဲ့သည်။

နိ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး တက်တစ်ချက်ခေါက်လိုက်မိသည်။

ဒါက ကိုကိုနဲ့ ပတ်သတ်ပြီး နိ ပထမဆုံး ဒေါသထွက်ဖူးတာပင်။

နိမရှိတဲ့ နှစ်တွေမှာလည်း ကိုကို က အခုလိုအပြင်မှာ အခြားသူတွေနဲ့ပျော်ပါးစားသောက်နေခဲ့သေးလားလိုတွေးလိုက်မိတော့ မနာလိုစိတ်တွေက အလုံးအရင်းနဲ့ ဝင်ရောက်လာတော့သည်။

စိတ်မသက်မသာနဲ့ တစ်စုံတစ်ခုကို စိုးရိမ်နေတဲ့ နိက ဒေါသဖြစ်နေရာက တဖြည်းဖြည်းဝမ်းနည်းစိတ်တို့ တစ်လှည့်အစားထိုးဝင်ရောက်လာပြန်သည်။

နိ နဲ့ ကိုကို အတူတူနေတဲ့ ကာလတစ်လျှောက် ကိုကိုက  တစ်ခါမှ အိမ်ပြန်နောက်မကျဖူးခဲ့တာကြောင့်လည်း နိ အခုလို နေရထိုင်ရခက်နေတာဖြစ်နိုင်ပေမယ့် နိက သူကိုယ်သူ လိုအပ်တာထက်ပိုပြီး ခံစားလွယ်နေတာကို သတိမထားမိခဲ့။

နိက ကျလာတော့မယ့်မျက်ရည်တွေကို မျက်တောင်လေးများပုတ်ခတ်ပြီး သိမ်းဆည်းလိုက်တယ်။

ပြတင်းတံခါးနားက ထွက်ခွာလာပြီး အိမ်တံခါးမကြီးနာသို့ရောက်ချိန်မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကိုကိုကလည်း ပြန်ရောက်လာခဲ့တယ်။

“နိ …”

ကိုကို့ အသံက ပုံမှန်ချိန်ထက်ကျယ်နေပြီး

ကိုကို့ခြေလှမ်းတွေကလည်း တယိမ်းတယိုင်။

“ကိုကို ….”

အဘိဓာန်ရဲ့နိယာမ (2021){Complete}Tahanan ng mga kuwento. Tumuklas ngayon