အဘိဓာန်ရဲ့နိယာမ ~ အခန်း(၁၂)
Zawgyi“ဦးဇော်ဇေယျာ ရှင်ကျွန်မသားလေးကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား”
“ငါလွှတ်ထားတာမဟုတ်ဘူး ဒေါ်ပျိုပျိုခင်”
“ဒါဖြင့် သားကိုရအောင်ပြန်ခေါ်ပေးလေ”
“မင်းသားကိုက အရူးထတဲ့လုပ်ရပ်တွေလုပ်ပြီး အိမ်ခြေရာမဲ့တစ်ကောင်လို အခြေအမြစ်မရှိအဆင့်အတန်းမရှိတဲ့နေရာမှာပေကပ်နေနေတာ”
“ဒါဆို ကျွန်မတို့က သားကိုဒီအတိုင်းအပြင်မှာဖြစ်သလိုနေနေတာကို လက်ပိုက်ကြည့်နေရမှာလား”
“ငါက နင့်ယောက်ျား ဇော်ဇေယျာပါပျိုပျိုခင်ရ ငါ့မှာ ငါ့သားငါ့ဆီပြန်လာအောင်လုပ်လို့ရမယ့် အစီအစဉ်ကောင်းတွေရှိပါတယ်”
ဒီလိုအချင်းများတဲ့နေ့တွေက အဘိဓာန်အိမ်မှထွက်သွားကတည်းကစတင်ခဲ့ခြင်းဖြစ်သည်။
အသွင်တူလို့ အိမ်သူဖြစ်လာတဲ့ ဒေါ်ပျိုပျိုခင်က သားအတွက်နဲ့သာ အကြင်ခင်ပွန်းအပေါ်ငြူစူးကောင်းငြူစူပါလိမ့်မယ် စိတ်တူကိုယ်တူ ခံယူချက်ခြင်းတူတဲ့ ဦးဇော်ဇေယျာ အပေါ်မှာတော့ ဒေါ်ပျိုပျိုခင်က သစ္စာရှိစွာချစ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သည်။
သားနဲ့ခင်ပွန်းယှဉ်လာရင်တောင် ခင်ပွန်းဘက်ကပဲရပ်တည်ပေးတက်တဲ့ ဒေါ်ပျိုပျိုခင်က ယခုလည်း ခင်ပွန်းဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ခြင်းကြောင့် သားက ပြန်စွန့်ပစ်တာကိုခံရတဲ့ မိခင်တစ်ဦးအဖြစ် သားပြန်အလာကိုသာ လည်တစ်ဆန့်ဆန့်နဲ့မျော်နေရရှာသည်။
<<<~~~~~~~~~~~~~~>>>
မျက်တောင်စိတ်လေးများလှုပ်ရှားလာတဲ့နိယာမလေးက အသိဝင်လို့နိုးထလာခဲ့ပြီဖြစ်သည်။
နိလေးကို တစ်စိမ့်စိမ့်ကြည့်ရင်းပူပန်နေရှာတဲ့ အဘိဓာန်ကတော့ နောင်တတွေတစ်ပွေ့တစ်ပိုက်ဖြင့် နိကိုရင်ဆိုင်ဖို့ ခွန်အားပင်မရှိ။
နိမျက်လုံးလေးများပွင့်ပွင့်ခြင်း ဦးဆုံးပြုလုပ်လိုက်တဲ့အရာကတော့ နိနဘေးမှာငြိုးငယ်တဲ့ မျက်ဝန်းများဖြင့်ကြည့်နေတဲ့ အဘိဓာန်ရဲ့ရင်ခွင်ထဲဝင်ပြီး ဖက်ထားခြင်းဖြစ်သည်။
ESTÁS LEYENDO
အဘိဓာန်ရဲ့နိယာမ (2021){Complete}
Romance" ကမ္ဘာကြီးမှာ ချစ်နည်းဘယ်နှမျိုးရှိလဲ ကျွန်တော်မသိပေမယ့် ကျွန်တော်... ကိုကို့ ကို ချစ်တဲ့ အချစ်က တစ်ခုခုနဲ့တိုင်းတာပြီး ခေါင်းစဉ်အသေတပ်လိုရတာမျိုးတော့မဟုတ်တာသေချာတယ်။ တစ်ခါတစ်လေ အစ်ကိုလို ... တစ်ခါတစ်လေ အဖေလို ... တစ်ခါတစ်လေ အမေလို ... တစ်ခါတစ်လေ...