"Yongbok.. Yongbok.. မသွားပါနဲ့...ကိုယ့်ကိုမထားခဲ့ပါနဲ့..."
"ငါတောင်းပန်ပါတယ် Hyunjin ငါမင်းကို တကယ်မချစ်ဘူး.."
"မဟုတ်ဘူး...မဟုတ်ဘူး... အား...."
ငယ်သံပါအောင် အားကုန်ခြစ်အော်လိုက်တဲ့ ကျွန်တော့်လည်ချောင်းဆီက ခြောက်ကပ်မှုများကို ဘေးကစားပွဲပေါ်ရှိရေဘူးကို မော့သောက်ကာ စိုစွတ်စေလိုက်သည်။
ဒီအိပ်မက်ပဲထပ်မက်ပြန်ပြီလား။
ညလေအေးကြောင့်ယိမ်းထိုးနေတဲ့ သစ်ရွက်ပေါ်မှ ဖွေးလှုပ်လှုပ်နှင်းစက်များကိုကြည့်ရင်း ကျွန်တော့်ရင်က သောကအပူမီးကို ကုစားစေသည်။
ဪ...၃နှစ်တောင်ရှိသွားပြီပဲ။
မင်းငါ့ကိုထားသွားတာ ၃နှစ်တောင်ရှိသွားပြီ Yongbok.
ဒါပေမယ့် မင်းနဲ့ပက်သက်တဲ့ အမှတ်တရတိုင်းကတော့ ငါ့ရင်ထဲမှာတံဆိပ်ခတ်ထားဆဲပါ။
တွေးရင်းနဲ့ကျွန်တော့်နဖူးပြင်ကျယ်ထက်က တွဲခိုနေတဲ့ ချွေးသီးချွေးပေါက်များကို လက်ဖမိုးဖြင့်ယူကာ အကြမ်းပတမ်းသုတ်မိသည်။
ငါမင်းကိုမျှော်နေတုန်းပဲ Yongbok.
ငါ့ဆီပြန်လာမယ်မလားဟင်။
မဖိတ်ခေါ်ပဲရောက်လာတဲ့ မျက်ရည်ကြည်တွေကြောင့် မြင်ကွင်းတွေတဖြည်းဖြည်းဝေဝါးလာရသည်။
ဝိုးတဝါးဖြစ်လာသော နှင်းစက်ပေါက်ငယ်လေးများကို ကြည့်ရင်း အတွေးတွေက လွန်ခဲ့တဲ့ ၃နှစ်ဆီသို့ ပြန်လည်ဆွဲခေါ်နေသည်။
"Hyunjin..hyunjin ဒီမှာကြည့်ပါဦး နှင်းကျနေပြီ... ဒီနေ့ ဆိုးလ်မှာ ပထမဆုံးနှင်းကျတာပဲ"
နှင်းကျတာကိုကြည့်ပြီးပျော်နေသောအကောင်ပေါက်လေးကို ရင်ခွင်ထဲဆွဲသွင်းကာဖက်ထားမိသည်။
"မင်းကအအေးလည်းခံနိုင်တာမဟုတ်ပဲနဲ့...ကိုယ်ဖက်ထားမယ်...လာ ဒီဘက်ကို"
"Hyunjin.. မင်းသိလား"
"ဘာကိုလဲ"
"ငါဘယ်လောက်ပဲ အအေးဒဏ်ကို မခံနိုင်ဘူး ပြောပြော... မင်းရင်ခွင်ထဲရောက်ရင်တော့ ငါအရမ်းနွေးထွေးရတယ်ဆိုတာလေ..."
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...