찾았다 - Found

599 94 1
                                    

ကတ္တရာလမ်းမလေးထက် ပြေးလွှားနေသော အနက်ရောင်ကားလေးသည် သစ်ရွက်ခြောက်များကို နင်းခြေကာ ခြံဝင်းလေးထဲ ကွေ့ဝင်လာသည်။

ကားတံခါးလာဖွင့်ပေးသော ဒါရိုက်ဘာဦးလေးကြီးကို တွန်းကာ အိမ်ထဲသို့ ဆောင့်အောင့်ဝင်သွားသော ၉နှစ်အရွယ်ကလေး Hyunjin နောက်သို့ ကျောပိုးအိတ်လေးကိုင်ကာ အပြေးလိုက်ရသည်။

"သခင်လေး... ပြေးမသွားပါနဲ့ဗျ.. ချော်လဲမှာစိုးလို့"

"ဖေဖေရော ဖေဖေ ဘယ်မှာလဲ.. သူက ခုထိ မအားသေးဘူးလား.. ဒီနေ့ Yongbok ဆီ လိုက်ပို့ပေးပါလို့ ပြောထားရဲ့သားနဲ့..."

နှုတ်ခမ်းဖူးဖူးလေးကို စုချွန်ပြီး ဆူပုတ်သော မျက်နှာလေးနှင့် Hyunjin ပြောလာသည်။

"ဥက္ကဌကြီးက အစည်းအဝေးပြီးရင် လာပါလိမ့်မယ်"

"ဟွန့်"

ခြေကိုဆောင့်နင်းကာ လှေကားထစ်များကို ကျော်တက်ပြီး Hyunjin အခန်းထဲဝင်သွားသည်။

အပြာနုရောင်အိပ်ယာခင်းလေးထက် ပစ်လဲချကာ အလိုမကျသည်များကို ဆူဆောင့်ပြီး ဖက်လုံးကို ပစ်ကန်လိုက်သည်။

ကစားစရာတင်ထားသော စင်ကြီးမှာ ဘုန်းကနဲ လဲကျသွားသောကြောင့် အောက်ထပ်မှာ အစေခံများသည် စိုးရိမ်တကြီးဖြင့် ပြေးတက်လာရသည်။

"သခင်လေး ဘာဖြစ်လို့လဲရှင့်.."

အခန်းတံခါးခေါက်ပြီး အလောတကြီး ဝင်လာသော ဟင်းချက်အဒေါ်ကြီးကို Hyunjin လေးက ခေါင်းအုံးဖြင့် ကောက်ပေါက်ကာ ပြောသည်။

"ဖေဖေ ပြန်မလာသေးဘူးလား.. ဖေဖေ ပြန်မလာမချင်း ဒီအခန်းထဲက ပစ္စည်းတွေအကုန် ဖျက်ဆီးပစ်မှာနော်"

"အဲ့လိုတော့ မလုပ်ပါနဲ့ သခင်လေးရယ်... ဥက္ကဌကြီး ပြန်လာရင် အဒေါ်ကြီးကို ဆူပါလိမ့်မယ်"

"အဲ့ဒါ အဒေါ်ကြီးကိစ္စလေ... ဖေဖေ ပြန်မလာဘူးဆိုရင်တော့ အခန်းထဲကဟာတွေအကုန် ပစ်ပေါက်နေမှာပဲ"

မိတဆိုးလေး Hyunjin ရဲ့ အကျင့်စရိုက်ဟာ ဂျစ်ကန်ကန်နိုင်လွန်းသလို လိုချင်တာကို မရရအောင် ယူတတ်ပြီး အစွဲလမ်းကြီးတဲ့ အကျင့်ဆိုးလေးကလည်း ရှိသည်။

Love is PainfulDonde viven las historias. Descúbrelo ahora