နေရောင်ခြည်အောက်က ချယ်ရီပန်းပွင့်လေးများဟာ ဖူးငုံစွင့်ကားလျက် အပြိုင်အဆိုင် အလှတရားကို ဖန်တီးနေကြသည်။ လေပြေတစ်ဝှေ့တိုးခတ်လာတိုင်း ယိမ်းနွဲ့သွားတဲ့ ပွင့်ဖတ်လေးတွေဟာ မြေပြင်ထက်မှာ ဝပ်ဆင်းလျက် ပန်းခင်းလမ်းသဖွယ် ဖြစ်လို့နေသည်။
တရိပ်ရိပ်နဲ့ တိုးဖောက်ဝင်လာတဲ့ နေရောင်ကြောင့် 𝗛𝘆𝘂𝗻𝗷𝗶𝗻 မျက်ခွံတွေ ပွင့်ဟလာသည်။ လေးလံနေတဲ့ မျက်ခွံတွေဟာ နာရီပေါင်းများစွာ ငိုထားရလို့ ဖူးယောင်နေပြီး တဆစ်ဆစ်နှင့် ကိုက်ခဲနာကျင်နေသည်။ ရှုပ်ပွနေတဲ့ အိပ်ယာခင်းအဖြူလေးထက်မှာ တစ်ယောက်သောသူက ရှိမနေတာကြောင့် နွေဦးရဲ့ နွေးထွေးတဲ့ မနက်ခင်းလေးဟာ အေးစက်လို့ လွမ်းဆွတ်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက်လို့နေရသည်။
အားယူပြီး အိပ်ရာပေါ်မှ ထကာ လေးပင်နေတဲ့ လက်တွေနဲ့ပဲ သူ့နှုတ်ခမ်းတွေပေါ် ပွတ်သပ်စမ်းနေမိသည်။
အိပ်မက်ထဲမှာ ပေးသွားတဲ့ အဲ့ဒီအနမ်းလေးကတောင် တကယ်လက်တွေ့ဘဝမှာ ပေးသွားသလိုထင်ရလောက်အောင် လွမ်းမောဖွယ်ကောင်းလိုက်တာ 𝗟𝗶𝘅..
ချိုမြိန်မှုမပါပဲ အေးစက်စက်နှင်းတွေလို တစ်ခဏလေးနဲ့ အလွမ်းတွေပေးသွားသလို နာကျင်စရာ အနမ်းလေးက အိပ်မက်တဲ့လား....
ကိုယ့်ဘေးမှာ မင်းမရှိတဲ့ မနက်ခင်းတွေက ကောင်းကင်မှာ လမရှိတဲ့ ကြယ်လေးတွေလိုပဲ ပြီးပြည့်စုံမနေဘူး...လမင်းမရှိရင် ကြယ်လေးတွေက အားငယ်တတ်သလို မင်းမရှိရင် ကိုယ့်ကောင်းကင်ကြီးက မပြည့်စုံဘူး 𝗟𝗶𝘅...
အိပ်ရာပေါ် နောက်ပစ်လက်ထောက်ရင်း သူ့ပုံရိပ်တွေ ခေါင်းထဲတန်းစီပေါ်လာနေတာမို့ ကျဆင်းလာမယ့် မျက်ရည်ပူများကို ထိန်းချုပ်ရန် ခေါင်းမော့ထားလျက် အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
နာကျင်မှုတွေကို တစ်ယောက်တည်း အံကြိတ်တင်းခံရင်း သူ့တစ်နေ့တာကို ဘယ်လိုများဖြတ်သန်းရပါ့မလဲဟု စိုးထိတ်နေမိသည်။
မလှမ်းမကမ်းမှ တီးလုံးသံကိုကြားတော့မှ မျက်ဝန်းထောင့်ဖျားက မကျဆင်းပဲ ကပ်ငြိနေတဲ့ မျက်ရည်စလေးကို လက်ခုံဖြင့် ပွတ်သုတ်ကာ အခန်းထဲ ဝေ့ဝဲကြည့်လိုက်သည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...