ချစ်ရသူရဲ့ ခါးသွယ်သွယ်လေးကို ဖက်တွယ်ရင်း ပွင့်သွားသော ဓာတ်လှေကားထဲက အလျင်နဲ့ထွက်လာပြီး အနမ်းများကို ရှေ့ဆက်တိုးမိသည်။
မုန်တိုင်းလိုထန်နေသော အနမ်းမိုးများကြား တံခါးကို မြန်ဆန်စွာ တွန်းဖွင့်လိုက်ပြီး သူ့ကိုယ်လေးကို နံရံနဲ့ကပ်စေလိုက်သည်။
ခြေထောက်နဲ့ တွန်းကန်၍ ပြန်ပိတ်လိုက်သော တံခါးလေးမှာ ဂျိမ်းကနဲ မြည်သွားသည့်အလျောက် ကျွန်တော့်အနမ်းများလည်း သူ့နှုတ်ခမ်းနုနုလေးတွေထက် ကြမ်းတမ်းစွာ ပြေးလွှားနေသည်။
လည်တိုင်ကို သွယ်ယှက်လျက် ဖက်ထားပြီး အာခံတွင်းထဲကို ထည့်လိုက်တဲ့ သူ့လျှာလေးရဲ့ ပူနွေးမှုဟာ တစ်ကိုယ်လုံးအနှံ့စီးဆင်းလျက်ရှိသည်။
ခါးကနေ ဆွဲကိုင်ရင်း ဧည့်ခန်းဆီကို အမြန်သွားလိုက်ပြီး ဆိုဖာအိအိလေးပေါ် လဲချစေကာ နှုတ်ခမ်းပါးလေးကို ကိုက်ခဲထားမိသည်။
သူ့ရဲ့ ရှပ်အင်္ကျီအဖြူအပါးလေးအောက်မှတစ်ဆင့် ကျောပြင်တစ်လျှောက်ကို ပွတ်သပ်မိတော့ ကျွန်တော့် ဂုတ်ပိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ပူနွေးတဲ့ ခံစားချက်က ခန္ဓာကိုယ်တစ်လျှောက် အသွေးအသားတွေကို ပွက်ပွက်ဆူစေတော့ သူ့လျှာလေးကို ငုံစုပ်ထားမိရင်း အင်္ကျီကြယ်သီးများကို အကြမ်းပတမ်းချွတ်မိသည်။
"Hyunjin... ကျွန်တော်.."
ရင်ဘတ်ကိုတွန်းကန်နေတဲ့ သူ့လက်လေးတွေကို ဆုပ်ကိုင်လိုက်ရင်း ပါးပြင်လေးကို အနမ်းဖွဖွပေးပြီး လည်တိုင်တစ်လျှောက် ခရီးဆက်မိသည်။
"ကျွန်တော်.. အဆင်သင့်မဖြစ်သေးဘူး..."
ရင်ဘတ်ဆီကို တွန်းကန်ထားတဲ့ လက်လေးက ပိုအားပြင်းလာပြီး ပြောလိုက်တဲ့ သူ့စကားလေးကြောင့် ကျွန်တော့်အနမ်းများ ရပ်တန့်သွားသည်။
"ဆောရီး.. ကိုယ်...စိတ်လွတ်သွားလို့"
ဗလောင်ဆူနေတဲ့ သွေးတွေဟာ သူ့စကားလေးတစ်ခွန်းကြောင့် ပြန်လည်တည်ငြိမ်သွားရပြီး သူ့အပေါ်အုပ်မိုးထားရာက ထကာ ဘေးတွင် ဝင်လိုက်သည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...