တစ်ချက်ချက်မြည်နေတဲ့ နာရီလက်တံက အသံများသည် တိတ်ဆိတ်သော အိမ်ကြီးထဲ ကျယ်လောင်စွာလွှမ်းမိုးလျက်ရှိနေသည်။ သူ့အရှေ့က ဖခင်ဖြစ်သူကို မလွန်ဆန်ရဲသလို ဆုတ်ယုတ်လာတဲ့ သူတို့စီးပွားရေးကြောင့် ဒေါသမီးတောက်လောင်နေတဲ့ မျက်ဝန်းတွေကို ရင်မဆိုင်ရဲ။ ရာသီဥတုဟာ ကြည်လင်အေးချမ်းသလောက် အိမ်ကြီးထဲမှာ သောကမီးတွေနဲ့ အရှိန်ပြင်းစွာ တောက်လောင်နေကြသည်။
စားပွဲပေါ် ဝုန်းကနဲ ထိုးလိုက်တဲ့ လက်သီးအသံဟာ ကျယ်လောင်လွန်းတာကြောင့် နာရီလက်တံအသံများပင် ဖုံးသွားသည်။ ပြင်းထန်တဲ့ ထိုးချက်ကြောင့် ပုခုံးတွန့်သွားပြီး ရုတ်တရက်မို့ လန့်သွားရတဲ့ 𝗛𝘆𝘂𝗻𝗷𝗶𝗻 ဟာ အဖေဖြစ်သူဆီမှ ကျရောက်လာမယ့် ဆဲဆိုသံများကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေရသည်။
"အခု ဘယ်လိုလုပ်မလဲ.. ဟမ်.. ဘယ်လိုရှေ့ဆက်မှာလဲ.. အချစ်ကြောင့် ဘာမှကို မမြင်တော့ပဲ စုံလုံကန်းနေပြီလား 𝗛𝘆𝘂𝗻𝗷𝗶𝗻.. ဒီလောက် ဆုံးရှုံးမှုတွေ နေ့စဉ်ရက်ဆက်ဖြစ်နေတာတောင် မင်းက မမြင်နိုင်တော့လောက်အောင် မှိုင်းမိနေတာလား 𝗛𝘄𝗮𝗻𝗴 𝗛𝘆𝘂𝗻𝗷𝗶𝗻"
သူ့နာမည်ကို တစ်ခါမှ အပြည့်အစုံမခေါ်ဖူးတဲ့ ဖေဖေက အခုတော့ ဘယ်လောက်တောင်များ ဒေါသမီးတွေနဲ့ တောက်လောင်နေလို့ နာမည်အပြည့်အစုံကို ထုတ်သုံးလာရတာပါလိမ့်ဟုတွေးမိသည်။ ပထမတစ်ကြိမ်မှားခဲ့တုန်းက ပထမဆုံးမို့ ခွင့်လွှတ်သည်းခံပေးခဲ့တဲ့ ဖေဖေက အခု ဒုတိယအကြိမ်အနေနဲ့ပါ ထပ်လောင်းဖြစ်တည်လာတဲ့ တူညီတဲ့အမှားကြောင့် မဆဲရုံတမယ် ရမစရာမရှိအောင် အပြစ်တင်ပြောဆိုတော့သည်။
ပြောသမျှကို ခေါင်းငုံ့ငြိမ်ခံရုံမှလွဲ၍ သူ့မှာ ပေးစရာ အကြောင်းပြချက်ဟာ စိုးစဉ်းမျှမရှိ။ ဖြေရှင်းချက်ထုတ်စရာမရှိတဲ့ နှုတ်ခမ်းပါးနှစ်လွှာဟာ ကော်လို ကပ်နေပြီး အသက်ပင်မရှုရဲအောင် ငြိမ်ကုပ်တင်းခံနေရသည်။
ကေသရာဇာအောက် ကြောင်ငယ်လေးပမာ ဒူးကျုံ့လို့ အသက်ရှုသံတောင်မထွက်ရဲအောင် ခေါင်းကို တွင်တွင်ငုံ့ထားလျက် ရင်ထဲက နာကျင်မှုများကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...