내꺼 - Mine

600 97 0
                                    

"အာ..ဟားဟား.. ကျွန်တော်တို့က စနောက်နေကြဆိုတော့ အရမ်းကြီး စိတ်ထဲမထားပါနဲ့ခင်ဗျ.."

ဟန်မပျက်အောင် အမူအရာထိန်းရင်း သူ့ရှေ့က စူးစူးဝါးဝါးကြည့်နေသော Hyunjin ကို ပြောလိုက်သည်။

"နောက်တစ်ခါ ဆင်ခြင်ပါ"

တည်ကြည်ပြတ်သားစွာ ပြောလိုက်ပြီး ကျွန်တော့် ပုခုံးကိုဖက်ကာ သူ့အခန်းထဲ ခေါ်သွားသည်။

အနောက်မှာ Hyung ဘယ်လို ကျန်ခဲ့မလဲဆိုပြီး ရင်ထဲတွေးပူနေမိပေမယ့် စိုးရိမ်စိတ်ကို ခဝါချကာ သူခေါ်ရာနောက်ပဲ လှည့်မကြည့်ပဲ လိုက်လာလိုက်သည်။

"တကယ်ပဲ အဲ့လို စနေကြလား Lix.."

"ဟုတ်တယ် ကျွန်တော်တို့က အဲ့လိုပဲ အမြဲ စလိုက် နောက်လိုက်နဲ့.. Hyunjin အဲ့ဒါကို စိတ်ထဲမထားပါနဲ့"

လေသံကို တည်ကြည်အောင် မနည်းလုပ်ပြောနေပေမယ့် စိတ်ထဲမှာတော့ သူရိပ်မိသွားမလား။ သံသယဝင်သွားမလားဆိုပြီး ကြောက်နေမိတာပါ။ ကျွန်တော့်ကို အကဲခတ်နေသလို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေအောက်ကလည်း ရှောင်ရင်းပေါ့။

သူ့ဘက်က ဘာစကားမှမဆိုတာကြောင့် ဒီအချိန်မှာ ကျွန်တော် အနုနည်းကို ထုတ်သုံးရမယ်ဆိုတာ သိလိုက်သည်။ အကြမ်းဖက်လို့မရတဲ့ ဒီအခြေအနေက သူ့ကိုချော့ပြောလိုက်တာနဲ့ အဆင်ပြေသွားမယ့် အနေအထားမှာ ရှိမယ်လို့သာ ကျွန်တော် ထင်သည်။

"ကျွန်တော့်ကို မယုံဘူးလားဟင်.. ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ.. နေရခက်အောင်..."

Hyunjin က ကျွန်တော် ထင်ထားသလို လွယ်လွယ်နဲ့ အယုံသွင်းလို့ ရမှာမဟုတ်မှန်း နားလည်လိုက်ရသည်။

Yongbok နဲ့ တူတဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် သူ့ကို အကြောင်းပြချက်မဲ့ ချဉ်းကပ်လာတဲ့ ကျွန်တော့်အကြောင်းကို မိုးမြေလှန်ပြီး စုံစမ်းမှာဆိုတာ အတပ်သိသည်။

သူ့ရဲ့ အတိတ်က ဒဏ်ရာတွေကို ကုသပေးနိုင်မယ့် ဆေးရွက်လေးသာ မဟုတ်ခဲ့ရင် လမ်းမထက် နင်းချေခံရရုံမှတပါး ကျွန်တော့်အဖြစ်က အဲ့ထက် မပိုဘူးဆိုတာ သေချာသိသည်။

Love is PainfulWhere stories live. Discover now