ဆီးနှင်းများဖုံးနေသော ပလက်ဖောင်းလေးထက်တွင် လူအများဟာ ပုခုံးချင်းမထိရုံတမယ် ပြည့်သိပ်ကာ သွားလာနေကြသည်။
မနက်ခင်းအလုပ်ချိန်၊ကျောင်းချိန်ဖြစ်သည့်အတွက် လူသွားလမ်းပလက်ဖောင်းလေးထက်မှာ လူအမြောက်အမြားအပြည့် ဦးတည်ရာဆီ အသီးသီးထွက်ခွာနေကြသည်။
စီတန်းနေသောဘတ်စ်ကားများထဲတွင်လည်း လူများအပြည့်အသိပ်နေရာယူထားပြီး ကိုယ်ပိုင်ကားများလည်း ကားကြီးများကြားတွင် ညပ်ကာ မီးပွိုင့်စိမ်းရန်တန်းစီနေရသည်။
ဆောင်းမနက်ခင်းလေအေးဟာ တစ်ဝှေ့ဝှေ့နဲ့ လူးလွန့်တိုက်ခတ်လျက်ရှိနေပေမယ့် ကုမ္ပဏီအစည်းဝေးအခန်းငယ်လေးတစ်ခုထဲမှာရှိနေကြတဲ့ လူအုပ်စုလေးတစ်ခုဟာတော့ ချွေးသီးချွေးပေါက်များကျကာ တစ်စုံတစ်ခုကို စိုးရိမ်နေကြပုံရသည်။
သူတို့အရှေ့မှာ အင်္ကျီအဖြူလက်ရှည်ကို တံတောင်ဆစ်ထိလက်ခေါက်တင်ထားကာ သွေးကြောစိမ်းများထင်းနေအောင် ကျစ်ကျစ်ဆုပ်ထားတဲ့လက်သီးကို စားပွဲပေါ် ဝုန်းကနဲ တစ်ချက်ထိုးချလာတဲ့ လူကြောင့် အားလုံး ပုခုံးလေးတွေတွန့်သွားကြရသည်။
"ငါမေးနေတယ်လေ ဘယ်သူလဲလို့.. လူလို မေးနေတုန်း လူလိုဖြေလိုက်နော်"
မင်ဟိုကို အကြိတ်အနယ်ထိုးခဲ့တုန်းကဗီဒီယိုကို အင်တာနက်ပေါ်တင်ပြီး နာမည်ဖျက်ခဲ့တဲ့သူဟာ သူ့ကုမ္ပဏီထဲက လူပဲဆိုတာ မှန်းကြည့်စရာတောင်မလိုအောင် 𝙃𝙮𝙪𝙣𝙟𝙞𝙣 သိနေပါသည်။
ဒူးလောက်ရှိသောစကတ်အတိုအစိမ်းရောင်လေးကို ဝတ်ထားသည့် ဝန်ထမ်းကောင်မလေးရဲ့ ပုံပျက်နေသော ဟန်ပန်အမူအရာများမှာ သိသာလွန်းတာကြောင့် သူ့နားသွားကာ ပုခုံးမှဆွဲလှည့်လိုက်သည်။
"မင်းလား.."
"......"
ကောင်မလေးက ကြောက်အားလန့်အားနဲ့ နှုတ်ဆိတ်နေကာ ပန်းနုရောင်နှုတ်ခမ်းများပင် တုန်ယင်နေပြီဖြစ်သည်။ သူ့ရှေ့က အလုပ်ရှင်ကို မော့မကြည့်ရဲလို့ ကိုယ့်ပေါင်ကိုယ်ပဲ မျက်နှာအပ်ကာ ခေါင်းကိုငုံ့ထားသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...