ပိတ်သွားသော ကျွန်းတံခါးအနက်ရောင်ကြီးကို ကြည့်ရင်း မွေ့ယာပေါ်လဲလျက် ကျန်ခဲ့သော Yongbok ၏ မျက်ဝန်းများသည် ကန်ရေပြင်လို အလွန်တည်ငြိမ်သည်။
စိတ်ထဲက သောကအတွေးတွေကတော့ မီးလိုလောင်မြိုက်နေပေမယ့် မျက်ဝန်းကြည်တို့ဟာ ငြိမ်သက်လျက်ရှိသည်။
မလိုမပါပဲ တက်ခဲ့ရတဲ့ ဒီညစာစားပွဲလေးဟာ Hwang Hyunjin နဲ့တွေ့ဖို့ ရည်ရွယ်ချက်တစ်ခုတည်းဖြစ်ပြီး သူ့ကိုသားတပည့်တစ်ယောက်လို ဆက်ဆံတဲ့ မွေးစားအဖေရဲ့ အလိုဆန္ဒသာဖြစ်ကြောင်းကို တွေးမိတော့ မျက်ရည်ကြည်ပေါက်တို့က မျက်ဝန်းအိမ်ထက် ရစ်ဝဲတက်လာသည်။
လွန်ခဲ့သောတစ်ပတ်က~
"Yongbok ဒီကို ခဏလာဦး"
ဖန်အဝိုင်းပုံစံရှိသော ဆေးလိပ်ပြာခွက်ထဲသို့ စီးကရက်တိုလေးကို ထိုးချေထည့်လိုက်ပြီး စားပွဲပေါ် ခြေထောက်တင်ထိုင်နေတဲ့ လူကြီးက ပြောသည်။
ထိုလူကြီးမှာ တခြားသူတော့ မဟုတ်။ Yongbok ရဲ့ မွေးစားအဖေ မူးယစ်ဂိုဏ်းခေါင်းဆောင် ချွဲဂျယ်ဆောင်းပင်ဖြစ်သည်။
ဝတ်ထားတဲ့ Leather ကုတ်အင်္ကျီကို အသာအယာ ချွတ်လိုက်ပြီး အသံလာရာဆီသွားကာ ချွဲဂျယ်ဆောင်းဘေးတွင် ဝင်ထိုင်လိုက်သည်။
"နောက်တစ်ပတ်ကျရင် သွားဖို့ပြင်ထား"
စားပွဲပေါ်သို့ အဖြူရောင်ဖိတ်စာလေးကို ပစ်တင်ပေးလိုက်ပြီး Yongbok ကိုကြည့်ကာ ပြောသည်။
ရီဝေနေသောမျက်ဝန်းများမှာ ဆေးသုံးထားမှန်း အလွန်သိသာသောကြောင့် ဖိတ်စာလေးကို လှမ်းယူပြီး နေရာက ထထွက်ရန်ပြင်တော့-
"ရောက်အောင်သွားပြီး Hwang Hyunjin နဲ့တွေ့အောင်လုပ်.."
ချွဲဂျယ်ဆောင်းစကားကြောင့် ဖင်ကြွနေရာက အမူအရာမပျက်ပြန်ထိုင်လိုက်ရသည်။
"သူ့အဖေက လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်ဝင်ပြိုင်မယ်လို့ ကြားတယ်.. အဲ့ဒါကို ပျက်အောင်လုပ်ပြီး သူ့သားရဲ့ အလုပ်တွေကို အကုန်ရအောင်ယူရမှာက မင်းတာဝန်ပဲ.."
"အကြောင်းပြချက်က..."
Yongbok က ချွဲဂျယ်ဆောင်းမျက်ဝန်းများကို စောင်းငဲ့ကြည့်လိုက်ပြီးမေးသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...