မဟူရာမျက်ဝန်းအနက်ရောင်များမှာ မီးမရှိသော အမှောင်အခန်းထဲတွင် ရေးရေးသာ မြင်ရသည်။
အပြင်မှ ဆောင်းလေအေးကလည်း ပြတင်းမှန်ကို အချက်ကျကျ ရိုက်ခတ်လို့နေသည်။
တုန်ယင်နေသောနှုတ်ခမ်းများကို တင်းတင်းစေ့ပြီး အားယူကာ အနှီကောင်လေးအား မော့ကြည့်မိသည်။
ကျွန်တော့်ပါးပြင်ကို သူ့လက်ဖဝါးနုနုသေးသေးလေးတွေနဲ့ ကြင်နာယုယစွာ ပွတ်သပ်နေသည်။
"ကျွန်တော် Hyunjin ကို သဘောကျနေမိပြီ ထင်တယ်.."
လေသံတိုးတိုးလေးဖြင့် နှစ်ကိုယ်ကြား ကြားရုံသာပြောလိုက်ပေမယ့် တိတ်ဆိတ်သော ညအသွင်ကို ဖြိုခွင်းနိုင်သော ဩရှရှအသံလေးမှာ ပြတ်သားကျယ်လွန်းလှသည်။
မျက်ဝန်းနက်ပိုင်ရှင်ကောင်လေးကို စူးစမ်းကြည့်မိတော့ ကျွန်တော် နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ထိပ်တိုက်တိုးသည်။
သူ့မျက်ဝန်းတွေက ကြင်နာရိပ်သန်းနေပြီး ယုယနွေးထွေးလွန်းလို့ ကျွန်တော့်ရဲ့ စိတ်အစဉ်ဟာ ပြိုလဲချင်သယောင်ဖြစ်လာသည်။
ဒီမျက်ဝန်းတွေဟာ တကယ့်ကို Yongbok နဲ့ တူလွန်းလို့ ထိုးကိုက်လာသောခေါင်းကို ဖိကိုင်မိရင်း အတိတ်က အမှတ်တရပုံရိပ်တွေက ဦးနှောက်ထဲ လျှပ်စီးပြက်သလို တစ်ဖြတ်ဖြတ်ပြေးသွားနေသည်။
"Hyunjin အဆင်ပြေရဲ့လား"
ပုခုံးကိုကိုင်လှုပ်ကာ မေးနေတဲ့ ကောင်လေးက စိုးရိမ်ရိပ်သန်းနေတာကြောင့် လက်ခါပြကာ အဆင်ပြေကြောင်းပြောလိုက်သည်။
"ပြေပါတယ် ဘာမှမဖြစ်ဘူး"
ကုတင်ပေါ်မှ အားယူထပြီး စားပွဲအံဆွဲထဲမှ အကိုက်ခဲပျောက်ဆေးကိုယူကာ သောက်ပြီး ပြန်လှည့်မယ်လုပ်တော့ ကျောပြင်ဆီမှ နွေးကနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် ကျွန်တော့် ခြေလှမ်းများ ရပ်တန့်သွားသည်။
ကောင်လေးက အနောက်ကနေ ကျွန်တော့်ကို ဖက်တွယ်ထားပြီး သူ့ပါးလေးနဲ့ ကျောပြင်ကို အပ်ထားတာကြောင့် အေးစိမ့်သော အခန်းငယ်ထဲမှာ ကျွန်တော့်နှလုံးသားအစုံက နွေးထွေးလို့သွားရသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...