기억 - Memory

550 86 3
                                    

အဝတ်ထုပ်တွေ တနင့်တပိုးနဲ့ 𝙷𝚢𝚞𝚗𝚓𝚒𝚗 ကွန်ဒိုရှေ့ ငိုင်ငိုင်ကြီး ရပ်နေမိသည်။

ဘေးဘီလည်း ကြည့်မနေသလို အရှေ့တည့်တည့်ကိုလည်း ကြည့်မနေတဲ့ ကျွန်တော့် ပုံစံမှာ မျက်မမြင်တစ်ယောက်နဲ့တောင် တူနေမလားမသိ။

သူငယ်အိမ်တွေက ရွေ့လျားခြင်းမရှိပဲ ဖျော့တော့လျက် ရာသီဥတုထက်တောင် အေးစက်နေသေးသည်။

ခဏကြာတော့ သူက အပြေးအလွှားဆင်းလာပြီး ကျွန်တော့်အထုပ်တွေကို ကူသယ်ပေးနေသည်။

အတူနေရတော့မယ်ဆိုပြီး ပျော်နေပုံပဲ။

ကျွန်တော့်ပုံစံကတော့ အိမ်ပေါ်ကဆင်းလာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်လို ညစ်ညူးနေသည်။

သူကတော့ ပျော်လွန်းလို့ ဆောင်းလေအေးက သူ့ပါးချိုင့်တွေကြားထဲ ဝင်ပုန်းခိုနေရောမည်။

သူခေါ်ရာနောက်လိုက်သွားပြီး ဓာတ်လှေကားထဲ ဝင်သည့်အထိတိုင် ကျွန်တော့်မျက်နှာမှာ ဟန်ဆောင်အပြုံးတောင် မဖန်ဆင်းနိုင်ခဲ့​။

တစ်ခါတစ်လေ ကျွန်တော်လည်း 𝙷𝚢𝚞𝚗𝚐 လို ဟန်ဆောင်ကောင်းချင်မိသည်။ နမ်းရင်တောင် သူ့ကို 𝙷𝚢𝚞𝚗𝚐 လို့ သဘောထားရတဲ့ ကျွန်တော်က ကိုယ်တိုင်ချမှတ်ထားတဲ့ အစီစဉ်ကိုရော အောင်မြင်ပါ့မလားဟု တွေးမိပြီး ယုံကြည်ချက်တွေဟာ မျောပါလုနီးပါး။

"ဘာဖြစ်နေတာလဲ 𝙻𝚒𝚡.."

"အာ... ကျွန်တော်.. ဗိုက်ဆာလို့.. ဟီး"

"ဟားဟား.. ဗိုက်ဆာတာ မပြောပဲ ဘယ်လိုရုပ်ကြီး လုပ်နေတာလဲ.. စိတ်ပူရအောင်"

"ကျွန်တော် 𝙷𝚢𝚞𝚗 ကို ကျွန်တော့်ကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ.. နေစရာရော အရာအားလုံးထိပါ လိုက်ပြီးတော့ဆိုတော့..."

"အဲ့လိုစကားတွေမပြောနဲ့.. ကိုယ်က မင်းအတွက်ဆို ကိုယ့်ရဲ့အရာအားလုံးကို ပေးရရင်တောင် ပေးရဲတယ်"

"တကယ်လား..."

"ဒါပေါ့.."

ကိုယ့်စကားကိုယ်မှတ်ထားပါ 𝙷𝚠𝚊𝚗𝚐 𝙷𝚢𝚞𝚗𝚓𝚒𝚗. တစ်နေ့ကျရင် ကျွန်တော်က ခင်ဗျားဆီက အရာအားလုံးကို နုတ်ယူသွားပြီး 𝚈𝚘𝚗𝚐𝚋𝚘𝚔 လို အဆုံးသတ်ရအောင် လုပ်ပေးမှာမို့။

Love is PainfulWhere stories live. Discover now