돌아갈 수 없다 - Can't Go Back

554 77 1
                                    

တိုက်ခတ်နေတဲ့ လေအေးတွေဟာ မနက်ခင်းအချိန်မို့ မကြမ်းတမ်းသလို ပြေပြေလေးတိုက်ခတ်လျက်ရှိနေသည်။ တစ်ညလုံး အရှိန်ပုံမှန်နဲ့ အဆက်မပြတ်ကျနေခဲ့တဲ့ နှင်းစက်တွေရဲ့ အသံဟာ အာရုံဦးကနေ နေထွက်ချိန်ထိ သစ်ရွက်စိုစိုပေါ်မှ မြေကြီးထက်သို့ တစ်ပေါက်ပေါက်နှင့် ကျနေဆဲဖြစ်သည်။ နေထွက်လာတဲ့အခါ တောက်ပလာတဲ့ ရောင်ခြည်ကြောင့် မြေကြီးထက်မှ နှင်းစက်လေးတွေဟာ အရည်ပျော်လို့ သေးငယ်သော အိုင်ကွက်လေးလိုဖြစ်နေသည်။

အဖြူနုရောင်လိုက်ကာစလေးဟာ အခန်းတွင်းမှာ ယိမ်းထိုးလျက်ရှိတာကြောင့် နေရဲ့အလင်းရောင်ဟာ မွေ့ယာပေါ် ပြောက်ကြားသက်ရောက်နေသည်။ ဦးခေါင်းခွံဟာ နာကျင်ကိုက်ခဲနေပြီး အထဲက မှတ်ညဏ်များပင် ပျောက်လုနီးပါး တဆစ်ဆစ် ထိုးကိုက်နေသည်။

လေးလံသောမျက်ခွံများကို အားယူဖွင့်ကာ ဝိုးတဝါးမြင်နေရသော လိုက်ကာကြားမှ ရွှေဝါရောင် နေအလင်းရောင်ကို လှမ်းကြည့်လိုက်သည်။ နားထင်မှတစ်ဆင့် ဦးခေါင်းထဲထိ ထိုးကိုက်နေတဲ့ နာကျင်မှုကို အံကြိတ်တင်းခံရင်း ဘေးဘီကိုကြည့်လိုက်တော့ စားပွဲပေါ်မှာဖြစ်သလို ပစ်တင်ထားတဲ့ မျက်ကပ်မှန်လေး။

ညက ဖြစ်သလို ချွတ်ထားခဲ့သော မျက်ကပ်မှန်လေးဟာ စားပွဲပေါ်မှာ သူပစ်ထားတဲ့အတိုင်းလေး နေရာတကျရှိနေသည်။ ဝိုးဝါးနေသောမြင်ကွင်းကြောင့် မျက်ကပ်မှန်လေးကို မျက်စံပေါ် တစ်ထပ်တည်းကျအောင် ယူကပ်လိုက်သည်။ ကျင့်သားရနေတာမို့ မှန်ကြည့်စရာတောင် မလိုပဲ လျင်မြန်သွက်လက်စွာ ကပ်လိုက်ပေမယ့် ခေါင်းထဲက ကိုက်ခဲနာကျင်မှုကြောင့် လက်ချောင်းတွေဟာ သွက်လက်မနေခဲ့။

မွေ့ယာဖြူဖြူထက်မှာ အိပ်မောကျနေသေးတဲ့ 𝙃𝙮𝙪𝙣𝙟𝙞𝙣 ကိုကြည့်လိုက်တော့ သူရှိရာဘက်ကို ဘေးစောင်းလဲလျောင်းလျက်ရှိပြီး မည်းနက်သောဆံပင်ရှည်များဟာ ဖြူစွတ်သော မွေ့ယာထက် ဖရိုဖရဲကျနေသည်။ နှုတ်ခမ်းနှစ်လွှာမှာ အနည်းငယ်ပွင့်ဟလျက်ရှိပြီး စင်းဖြောင့်နေသော နှာတံမှာ ဝင်သွက်ထွက်သွက်ကို ပုံမှန်ရှုသွင်းနေတာကြောင့် ရင်အုပ်အကျယ်ကြီးမှာ ဖောင်းလိုက်ပိန်လိုက်ရှိနေသည်။

Love is Painfulحيث تعيش القصص. اكتشف الآن