အခန်းတံခါးလက်ကိုင်ဘုကို ဆွဲဖွင့်လိုက်ချိန် ကျွီကနဲမြည်သွားသော တံခါးပွင့်သံမှလွဲ၍ မည့်သည့်အသံမှမကြားရ။
လေးဘက်လေးတန်နံရံတွေနဲ့ ဆိတ်ငြိမ်တဲ့ အခန်းငယ်ထဲမှာ သူနဲ့ကျွန်တော်ကလွဲပြီး အေးစက်စက်လေထုကသာ ပျံဝဲနေသည်။နှင်းသမျှဖြူစွတ်တဲ့ သူ့လည်ဇလုပ်လေးက အပေါ်အောက် စုန်ဆန်ပြေးလွှားနေပြီး တစ်ခုခုကို ပြောချင်နေပုံရသည်။
သို့သော် ဘာစကားမှထွက်မလာတဲ့ သူ့ဆီက တိတ်ဆိတ်မှုကို ဖြိုဖျက်ရန် ကျွန်တော့်ဘက်ကပဲ စကားစလိုက်သည်။
"ရော့~ရေသောက်လိုက်ဦး.."
မီးဖိုခန်းထဲမှယူလာတဲ့ ရေဖန်ခွက်လေးကို သူ့မျက်နှာရှေ့ကမ်းပေးလိုက်တော့ ကျွန်တော့်ကို မော့ကြည့်လာသည်။
ဖြူစွတ်ဖျော့တော့နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့သူ့ဆီက အကြည့်ကို ရှောင်လွှဲလိုက်ပြီး ရေခွက်ကို အနားတိုးပေးလိုက်သည်။
ကြည်လင်တဲ့ ရေဖန်ခွက်ကိုလှမ်းယူရင်း ကျွန်တော့်လက်ချောင်းတွေပေါ်အုပ်မိုးလာတဲ့ သူ့လက်ချောင်းရှည်များက ရေခဲတောင်ပမာ အေးစက်တောင့်ခဲနေသည်။
လက်ဖမိုးပေါ်ကို ဆုပ်ကိုင်အုပ်မိုးထားပြီး အတန်ကြာမလွှတ်ပေးတာကြောင့် လှည့်ကြည့်လိုက်တော့ အားဖျော့တဲ့ ထိုမျက်ဝန်းများနှင့် ကျွန်တော့်အားကြည့်နေဆဲ။
"ရေသောက်ပြီး စိတ်ငြိမ်အောင် အရင်လုပ်လိုက်ဦး 𝙃𝙮𝙪𝙣..."
ခုနကထက် တိုးညင်းတဲ့လေသံနဲ့ ငြင်သာစွာ ပြောလိုက်တော့ စကားနားထောင်တဲ့သူက ရေဖန်ခွက်ထဲက ရေများကို မော့သောက်နေသည်။
ရေသောက်လို့ လှုပ်ရှားနေတဲ့ သူ့လည်ဇလုပ်လေးကို အတန်ကြာငေးကြည့်ပြီးနောက် သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူပေးတဲ့ ရေဖန်ခွက်ကို အနားက စားပွဲပေါ် ဖြစ်သလို တင်ထားလိုက်ပြီး သူ့လက်ဖမိုးကို အုပ်မိုးကိုင်လိုက်သည်။
"ကားတွေအများကြီးကြားမှာရပ်နေခဲ့တာဆိုတော့ အရမ်းလန့်သွားလားဟင်.."
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...