ဟင်းပေါင်းစုံလင်သော ပန်းကန်တွေအမြောက်အမြားနှင့် စားပွဲခင်းလေးထက် ပြီးပြည့်စုံနေသည်။
ပင်လယ်လေရဲ့ရိုတ်ခတ်မှုနဲ့အတူ အသင့်စောင့်နေတဲ့ ပင်လယ်စာ အရောင်အသွေးတွေကလည်း စုံလင်လို့ သူတို့ကိုစားပါဟု ကြိုဆိုနေသယောင်။
လေအဝှေ့မှာဖြတ်တိုက်သွားလို့ ယိမ်းနွဲ့သွားတဲ့ သူ့ရဲ့ ရွှေဝါရောင်ဆံနွယ်လေးကို သဘောတကျ ငေးကြည့်ရင်း ပြောလိုက်သည်။
"စားလေ.. 𝙻𝚒𝚡..."
"အင်း"
တူလေးနဲ့ညှပ်ပြီးကိုင်လိုက်တဲ့ ပုစွန်ကွေးလေးကို ပါးစပ်ထဲထည့်ဝါးနေတဲ့ သူ့ပါးပြင်လေးဟာ ပြည့်ဖောင်းလို့။ စုံလင်တဲ့ အသီးအရွက်တွေကို ညှပ်ထည့်ပြီး ထမင်းဆုပ်လေးတစ်လုပ်ကိုလည်း စားနေသေးသည်။
အနီရောင်ရှပ်အပွလေးဝတ်ထားတဲ့ အချစ်ကလေးရဲ့ပုံဟာ ခရမ်းချဉ်သီးလုံးလုံးလေးလို အသည်ယားဖွယ်ကောင်းလှသည်။
ရေဘဝဲကင်လေးကိုတူနဲ့ညှပ်ရင်းစားနေတဲ့ သူ့ပုံလေးဟာ လှရက်လွန်းလို့ ပင်လယ်ပြင်ကြီးကတောင် လှိုင်းတံပိုးတွေဆုတ်ခွာပြီး အရှုံးပေးသွားလေရဲ့။
တိုက်ခတ်လာတဲ့လေပြေတွေကတောင် အားငယ်ပြီးပြေးကုန်ကြပြီထင်ရအောင် ကျွန်တော့်အရှေ့က ခရမ်းချဉ်သီးလုံးလေးဟာ ချစ်ဖို့ကောင်းလွန်းသည်။
ဒီကောင်လေးကိုမြတ်နိုးပြီး ချစ်ရလွန်းလို့ ပင်လယ်ရေအောက်ကြမ်းပြင် မီတာ၁၀၀လောက်အနက်မှာတောင် မြုပ်နှံပြီး ဖွက်ထားလိုက်ချင်ပါရဲ့။
ကျွန်တော့်ရဲ့ရှင်ဘုရင်လေးက အဖိုးတန်လွန်းလို့ သန္တာကျောက်တွေနဲ့အတူထားရင်တောင် တင့်တင်မြင့်မြတ်နေဦးမှာအမှန်။
"အဲ့လောက်မကြည့်ပါနဲ့လား.. သူများတွေရှေ့မှာ"
ပါးစပ်လေးကို လက်လေးနဲ့ကာပြီး တီးတိုးပြောလိုက်တဲ့ ကောင်လေးရဲ့ ဩရှရှအသံလေးကို အချစ်သံစဉ်လေးသဖွယ်ဖန်တီးပြီး ညတိုင်းနားဆင်မိချင်ရဲ့။
"𝙻𝚒𝚡 က အရမ်းချစ်ဖို့ကောင်းနေတာကို.."
"အပိုတွေပြောနေပြန်ပါပြီ.. စားစရာရှိတာစား"
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...