မျက်ခုံးစင်းစင်းများအောက်က အပြစ်ကင်းစင်သော အညိုရောင်မျက်ဝန်းများနှင့်ကောင်လေးက အချိုသာဆုံးပြုံးကာ မိတ်ဆက်နေသည်။
"Yongbok.. Yongbok.. မင်းပြန်လာတာလား"
"ကျွန်တော်က Felix ပါဗျ... Yongbok မဟုတ်ပါဘူး"
ရွှေဝါရောင်ဆံပင်များကိုသပ်တင်ထားပြီး နှာတံစင်းစင်းဘေးက Freckles လေးများကို Hyunjin စိုက်ကြည့်ရင်း ပြောမိသည်က
"မဟုတ်ဘူး မင်းက Yongbok..Yongbok သေချာတယ်... ကိုယ့်ဆီပြန်လာတာမလားဟင်...ဟုတ်တယ်မလား Yongbok"
ကောင်လေးပုခုံးကို ဆွဲယမ်းလှုပ်ကိုင်ကာ ပြောမိတော့ ကောင်လေးက အကြည့်စိမ်းများနှင့် ကျွန်တော့်ကို ကြည့်လာသည်။
"ဟို... ကျွန်တော် တကယ် Yongbok မဟုတ်ပါဘူးဗျ..."
ဒီအကြည့်တွေ။
ဒီအကြည့်တွေကအစ တစ်ထေရာတည်းတူနေတာကို မင်းက Yongbok မဟုတ်ဘူး ငြင်းချင်သေးတာလား။
၃နှစ်နေပြီးမှ ပြန်လာလို့ ဒီလိုဖြစ်သွားတာလား။
ဒါမှမဟုတ် ၃နှစ်အတွင်းမှာ ဘာတွေကြီးကြီးမားမားဖြစ်ခဲ့လို့ ကိုယ့်ကိုစိမ်းကားသွားရတာလဲ။
၃နှစ်ဆိုတဲ့ကာလက ကိုယ့်ကိုမေ့နိုင်လောက်တဲ့ထိတော့ မဖြစ်သင့်ဘူးမလား။
ကောင်လေးကိုကြည့်ရင်း ထိုးကိုက်လာသော ခေါင်းကို ဖိကိုင်ကာ မျက်ဝန်းများကိုမှိတ်မိတော့ မမြင်ချင်တဲ့အတိတ်က ပုံရိပ်များက ကျွန်တော့်ဦးနှောက်ထဲ အရှိန်နှင့်ပြေးဝင်လာသည်။
"Yongbok.. Yongbok.. မသွားပါနဲ့...ကိုယ့်ကိုမထားခဲ့ပါနဲ့..."
"ငါတောင်းပန်ပါတယ် Hyunjin ငါမင်းကို တကယ်မချစ်ဘူး.."
ကျွန်တော့်လက်ကိုလွှတ်ချကာ အခန်းထဲကထွက်သွားသည့် သူ့ကျောပြင်ကိုကြည့်ရင်း ခဏတာတွေဝေမိသွားသည်။
တကယ်မချစ်ဘူးတဲ့လား။
ဟင့်အင်း မဖြစ်နိုင်တာ။
သူကျွန်တော့်ကို ဒီလောက်ချစ်တာ။
သူလိမ်နေတာမလား။
တွေးရင်းနဲ့ ဝဲတက်လာသောမျက်ရည်များကို လျစ်လျူရှုကာ အခန်းထဲမှထွက်သွားသော Yongbok နောက်လိုက်လာတော့ သူကကားပေါ်တက်ကာ အရှိန်တင်မောင်းသွားသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...