တစ်ဖျောက်ဖျောက်ကျနေတဲ့ အပြင်က နှင်းစက်တွေရဲ့ အသံဟာ တိတ်ဆိတ်သောညကို ဖြိုခွင်းနိုင်သည်။
ဘေးမှာ ခွေခွေလေးအိပ်နေတဲ့ ချစ်ရသူရဲ့ ကျောပြင်ဟာ တစ်သိမ့်သိမ့်တုန်နေတာမို့ ခါးလေးမှ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေလိုက်တော့ မျက်ဝန်းစလေးဟာ စိုနင့်နေသည်။
ကျွန်တော် မမြင်ချင်တဲ့ မျက်ရည်တွေဟာ သူ့ပါးပြင်ပေါ် ရေတံခွန်အလား စီးဆင်းလို့။
"Yongbok ငိုနေတယ်... ဘာလို့ ငိုနေတာလဲကွာ"
နှုတ်ဆိတ်ကာ ငိုကြွေးနေတဲ့ သူ့မျက်နှာပြင်လေးကို ခပ်ဖွဖွကိုင်ကာ စီးဆင်းနေသော မျက်ရည်များအပေါ် အနမ်းလေးခြွေမိသည်။
"မငိုနဲ့နော် Yongbok ကိုယ်ရှိတယ်"
"အင်း"
ခေါင်းငြိမ့်ကာ အသံယဲ့ယဲ့လေးထွက်လာတော့မှ မေးစေ့လေးအား ကိုင်မော့ကာ ကြည့်မိတော့ နှာဖျားလေးတွေဟာ ရဲတွတ်လို့။
"ပြောပါဦး ဘာလို့ငိုနေရတာလဲ.. အိပ်မက်ဆိုးမက်လို့လား"
"ဟင့်အင်း.."
"အဲ့ဒါဆို ဘာလို့လဲ"
"...."
အံကြိတ်ကာတင်းထားသည့် မေးဖျားလေးဟာ ခိုက်ခိုက်တုန်နေပြန်သည်။
"ဒီတိုင်း.."
"...."
"ငါမင်းကို သနားလို့.."
"ကိုယ့်ကိုသနားတယ်... ဘာလို့ သနားတာလဲ"
"မင်းကငါ့ကို အရမ်းချစ်တာလေ..."
"အင်း... အဲ့တော့.."
"တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါမရှိတော့ရင်...."
နှုတ်ခမ်းဆူဆူလေးပေါ် လက်ညှိုးနှင့်ကာကာ မကြားချင်သော စကားများကို ရပ်တန့်စေလိုက်သည်။
"အဲ့ဒါတွေမတွေးနဲ့... မင်းကိုယ့်ကို တစ်သက်လုံး ချစ်ပေးရင်ရပြီ"
"......"
မှေးကျလာနေသော မျက်ခွံများကို အားတင်းကာ ဖွင့်ကြည့်နေမိပေမယ့် Yongbok အရိပ်လေးဟာ တဖြည်းဖြည်းပျောက်ကွယ်လို့သွားသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...