사탄 - Satan

505 76 1
                                    

အဖြူရောင်ကြွေထည်ပေါ်တွင် ကနုတ်ပန်းပွင့်၊ပန်းခက်များအပြည့်ဖြင့် ပြုလုပ်ထားသောလက်ဖက်ရည်ခွက်လေးဟာ ထိန်ထိန်တောက်နေသော မီးဆိုင်းများ​၏ ကျရောက်နေသော အလင်းရောင်အောက်တွင် ခန့်ထည်စွာ ရှိနေသည်။

ကိုယ့်ပုံရိပ်ကိုယ်ပြန်မြင်နေရသော ဖန်စားပွဲကြီးပေါ်တွင် သောက်လက်စ လက်ဖက်ရည်ခွက်လေးကို တင်ထားလျက် ထိုစားပွဲပေါ် ခြေထောက်တင်ကာ သတင်းစာဖတ်လျက်ရှိသော ဟွမ်ဂျီဟွန်းက နောက်မှီ၍ ဇိမ်ကျစွာ ထိုင်နေသည်။

သူနဲ့ မျက်စောင်းထိုးနေရာတွင် ထိုင်နေသော သားဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားစရန် ချောင်းဟန့်လိုက်သည်။

"𝗛𝘆𝘂𝗻𝗻𝗶𝗲..."

သူခေါ်တော့ အနည်းငယ် ငုံ့လျက်ရှိသော ဦးခေါင်းက မော့လာကာ ပြောလာမည့်စကားကို စောင့်ဆိုင်းနေဟန် မျက်ဝန်းများဖြင့် ကြည့်နေသည်။ နှုတ်ခမ်းနှစ်လွှာမှာ ရေဓာတ်ကိုတောင့်တနေသည့်အလား ခြောက်သွေ့လျက်ရှိသည်။ မျက်ဝန်းအိမ်များမှာတော့ ဆော့ကစားလျက် ဖခင်ဖြစ်သူက မည်သည့်စကားဆိုလာမည်ကို တွေးတောနေဟန်ရှိသည်။

"အခုနောက်ပိုင်း ဝန်ထမ်းတွေ တစ်ယောက်ပြီး တစ်ယောက် အလုပ်ထွက်ကုန်ကြတာ ဘာကြောင့်လို့ မင်းထင်လဲ"

သူ့မှာ ထိုအမေးအတွက် ဖြေစရာ အဖြေဟာ ဗလာနတ္တိ။ သူကိုယ်တိုင် ဒေါသကို ထိန်းမနိုင်၍ မင်ဟိုကို လူမမြင်သူမမြင်ထိုးကြိတ်ခဲ့စဉ်က ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ နာမည်ကြီးသွားပြီးနောက် တစ်ပတ်၊နှစ်ပတ်လောက်ကြာသောအခါ ထူးဆန်းစွာပင် ဝန်ထမ်းတစ်ချို့တစ်လေကလည်း အကြောင်းပြချက် မျိုးစုံပေးကာ သူ့ကုမ္ပဏီမှ အလုပ်ထွက်ကုန်ကြသည်။

မာနတို့ရဲ့သခင်ဖြစ်သူ 𝗛𝘄𝗮𝗻𝗴 𝗛𝘆𝘂𝗻𝗷𝗶𝗻 ကလည်း ဘယ်ဝန်ထမ်းကိုမှ ခယပြီး ခေါ်မနေပဲ သူတို့ဆန္ဒအလျောက် အလုပ်ထွက်တာကို သဘောတူခဲ့ခြင်းဖြစ်သည်။ သူ့အနားမှာ ဘယ်သူမှမရှိရင်တောင် 𝗙𝗲𝗹𝗶𝘅 ရှိရင် လုံလောက်ပြည့်စုံနေပြီမို့ ဘယ်သူတွေဘယ်လောက်ပဲ သူ့အနားကထွက်သွားပါစေ မြူတစ်မှုန်စာတောင် သူဂရုစိုက်မည်မဟုတ်။

Love is PainfulWhere stories live. Discover now