소원 - Wish

510 74 4
                                    

အရောင်အသွေးစုံလင်တဲ့ ကားတွေဟာ ကတ္တရာလမ်းထက် သူနဲ့ငါအပြိုင် ပြေးလွှားမောင်းနှင်လျက်ရှိသည်။

များစွာသောလူများကလည်း မီးပွိုင့်တစ်ခုမှာ တစ်ဘက်ကားလမ်းကိုကူးရန် မတ်တပ်ရပ်စောင့်နေကြသည်။

နှင်းစက်ပေါက်ငယ်လေးတွေ တဖွဲဖွဲကျနေတာကြောင့် အများစုက ထီးလေးတွေကိုယ်စီနှင့် မီးစိမ်းမယ့်အချိန်ကို မျှော်နေကြသည်။

ကော်ဖီရောင်အင်္ကျီအိတ်ကတ်ထဲလက်ထည့်ပြီး ကားလမ်းကူးရန်စောင့်နေသော လူထဲတွင် ကျွန်တော်လည်း အပါအဝင်။

ဖျက်ကနဲစိမ်းသွားတဲ့ မီးပွိုင့်ကြောင့် ထီးတွေနဲ့ကိုယ်စီ အပြိုင်အဆိုင်လမ်းကူးကုန်ကြသည်။

ထီးမပါတဲ့ ကျွန်တော်ကတော့ ခပ်မြန်မြန်လေးပြေးသွားလိုက်ပြီး တစ်ဘက်လမ်းရောက်တော့ လမ်းချိုးတစ်နေရာကိုကွေ့ဝင်သွားလိုက်သည်။

အီထယ်ဝန်ကိုရောက်တော့ 𝙔𝙤𝙣𝙜𝙗𝙤𝙠 ကိုလာရှာခဲ့စဉ်က အငွေ့အသက်တွေကို ရသည်။

ပထမဆုံး ကိုရီးယားကို ခိုးကြောင်ခိုးဝှက်လာခဲ့ပြီး သူ့ကိုလာရှာခဲ့တဲ့ အီထယ်ဝန်နယ်မြေထဲကိုရောက်တော့ အလွမ်းငွေ့တွေကလည်း ဆောင်းလေနဲ့အတူ ပျံဝဲလို့။

ဂျီဆောင်းနဲ့ချိန်းထားတဲ့အချိန်ထက်စောလာလိုက်ပြီး ဆိုင်ရှေ့ရောက်တော့ မြင်နေရတဲ့ မှန်တံခါးကြီးမှာ ကျွန်တော့်ပုံရိပ် ထင်ဟပ်နေသည်။

ရွှေဝါရောင်ဆံပင်တွေပေါ်မှာ ဖြူစွတ်စွတ်နှင်းစက်တွေအုပ်မိုးနေတာကြောင့် လက်နဲ့ကပြာကယာ သပ်ချလိုက်ပြီး ဆိုင်ထဲအမြန်ဝင်လိုက်သည်။

ကော်ဖီပူပူတစ်ခွက်မှာပြီး နေရာမှာထိုင်ကာ အေးစက်နေတဲ့ လက်ဖျားတွေကို ပူနွေးနွေးကော်ဖီခွက်ပေါ် အုပ်မိုးကိုင်လိုက်သည်။

လက်တွေအေးနေမှ သူပေးထားတဲ့ လက်အိတ်အစိမ်းရောင်လေးကို မယူခဲ့မိလေခြင်းဆိုပြီး နောင်တရမိသည်။

နာရီဝက်လောက်နေတော့ ကော်ဖီပန်းကန်ထဲက ကော်ဖီတွေလည်း ကုန်သွားချိန် ဂျီဆောင်းလည်း ရောက်လာသည်။

Love is PainfulTahanan ng mga kuwento. Tumuklas ngayon