ချောကလက်ရောင်အင်္ကျီကော်လံမှာ တွန့်ကြေစုတ်ပြဲကာ ဆွဲစုတ်ထားတဲ့ လက်ချောင်းရှည်များကြား နစ်မြုပ်နေသည်။
နူးညံ့တဲ့အင်္ကျီအသားနုနုလေးမှာ တွန့်ကြေစုတ်ပြတ်ပြီး ရစရာမရှိတော့။
မြင်မကောင်းသော တင်းမာတဲ့အနေအထားကို မှန်တံခါးအပြင်မှ 𝙵𝚎𝚕𝚒𝚡 က စိတ်ဝင်စားစွာကြည့်နေသည်။
"တော်တော်အားနေလို့ ဖေဖေ့ကို သွားတိုင်တာလား ဟုတ်လား"
မင်ဟိုမျက်နှာမှာ ချေချေငံငံနှင့် သူ့ရှေ့က အကြည့်စူးစူးကို မဖြုံသည့်အလား စိုက်ကြည့်နေသည်။
"ငါမေးနေတယ်လေ မင်းတော်တော်အားနေလားလို့"
"တိုင်စရာရှိရင်တော့ တိုင်ရမှာပဲ မင်းပုံစံက လူမြင်လို့တောင်မကောင်းဘူး"
"လူမြင်မကောင်းရအောင် ငါက လူကြားအလယ်မှာ ဘာလုပ်ပြနေလို့လဲ"
ဆွဲစုတ်ထားတဲ့ တွန့်ကြေနေတဲ့ အင်္ကျိီကို ငုံ့ကြည့်ကာ မင်ဟိုက ထပ်ပြောသည်။
"မင်းသိမှာပေါ့.. ကုမ္ပဏီကလူတွေ မင်းတို့နှစ်ယောက်ကို ဘယ်လိုမျက်စိတွေနဲ့ ကြည့်နေလဲဆိုတာ"
"ငါက သူတို့ကို သိပ်ဂရုစိုက်တဲ့ရုပ်ပေါက်နေလို့လား"
ကိုယ့်မျက်နှာကိုယ်လက်ညှိုးနဲ့ထိုးပြပြီးပြောတော့ မင်ဟိုက ခနဲ့တဲ့တဲ့ရယ်သည်။
"တော်ရုံပဲကောင်းတယ် 𝙷𝚢𝚞𝚗𝚓𝚒𝚗 အဲ့ကောင်က ဘာအသားနဲ့ထုထားတာမို့လို့လဲ ဖြစ်ပျက်ပြမနေနဲ့"
"မင်ဟို မင်းပါးစပ်က နောက်တစ်ခါ 𝙻𝚒𝚡 ကို အဲ့လို ခေါ်ရဲခေါ်ကြည့်လိုက် မင်းသွားတွေ အံကပ်လိုက် ပြုတ်ထွက်မသွားရင် ငါ့ကို ကြိုက်သလောက်ပြော"
တွန့်ကြေနေတဲ့ အင်္ကျီကို ပိုပြီး စုတ်ပြတ်သတ်သွားသည်အထိ လက်သီးဆုပ်ထဲ ချေမွပြီး ဆောင့်တွန်းကာ လွှတ်ပေးလိုက်သည်။
"ညီအစ်ကိုချင်းမို့ ဒီလောက် သည်းခံနေတာ မင်းကံကောင်းတယ်မှတ်"
"ဟားဟား.. ဘာလို့လဲ.. အဲ့ကောင်ကို အဲ့ကောင်လို့ မခေါ်လို့ ကောင်မလို့ခေါ်ရမှာလား.. ဟမ်"
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...