후회 - Regret (End)

1.1K 89 9
                                    

ပြည့်သိပ်ကျပ်နေသော ကားများကြားထဲတွင် တိုးဝင်လာပြီး တစ်ယောက်တည်း ကမ္ဘာပျက်နေသော 𝗙𝗲𝗹𝗶𝘅 ကို ဂျီဆောင်းက ဆွဲထုတ်သွားသည်။ ခြေလက်တွေဟာ တုန်ယင်လို့နေပြီး အသံတွေပြာဝင်ကာအော်ပြီးသည်အထိ သူ့စိတ်တွေဟာ မတည်ငြိမ်သေး။ နွေဦးရဲ့ ကြည်နူးစရာ ရာသီဥတုအောက်မှာ ကြေကွဲစွာငိုကြွေးနေရတဲ့ သူ့အဖြစ်ကို ဂျီဆောင်းလည်း မကြည့်ရက်ပေမယ့် တစ်စုံတစ်ခုလုပ်ပေးဖို့လည်း မစွမ်းသာခဲ့။

ကားပေါ်ပြန်ရောက်သည်အထိ 𝗙𝗲𝗹𝗶𝘅 လက်တွေဟာ ကျင်စက်နဲ့တို့ထားသလို တစက်စက်တုန်နေပြီး မျက်နှာတစ်လျှောက် ချွေးစီးများထွက်နေသည်။ ဂျီဆောင်းကမ်းပေးသော ရေဘူးကိုတောင် ယူနိုင်စွမ်းမရှိတော့သည်အထိ သူ့လက်တွေဟာ မခိုင်မြဲတော့ပါ။

"ဂျီဆောင်း.. ဟို..ဟိုမှာ.. အီမင်ဟို"

တုန်တုန်ရီရီပြောလိုက်တဲ့အသံကို ဂျီဆောင်းက ဂရုစိုက်နားထောင်လိုက်တာမို့ ပြတ်သားစွာကြားလိုက်ပါသည်။ သူတို့ကားဘေးကနေ တိုးဝှေ့ပြီး ဖြတ်သွားတဲ့ လူတစ်ယောက်ကို လက်ညှိုးထိုးပြပြီး 𝗙𝗲𝗹𝗶𝘅 က ပြောလာသည်။ အနီးကပ်ကနေ ဖြတ်သွားတာမို့ သူ့အမြင်အာရုံတွေဟာ အဲ့လူကို သေချာမြင်လိုက်ပုံပါပဲ။ ဂျီဆောင်းကိုပြောပြီး ထိုလူနောက်လိုက်ဖို့ ပြင်နေတော့သည်။

"အီမင်ဟိုက ဘယ်သူလဲ"

"𝗛𝘆𝘂𝗻𝗷𝗶𝗻 ရဲ့ နှစ်ဝမ်းကွဲအစ်ကို.."

​ဂျီဆောင်းမေးတော့ စိတ်လှုပ်ရှားနေတဲ့ကြားက ရအောင်အဖြေပေးလိုက်ပြီး အလျင်စလိုပဲ ကားပေါ်က ဆင်းသွားသည်။ ဘာမပြောညာမပြောနဲ့ ဆင်းသွားတာကြောင့် ဂျီဆောင်းလည်း သူငယ်ချင်းဖြစ်သူနောက် ပြာပြာသလဲလိုက်ရသည်။

"𝗙𝗲𝗹𝗶𝘅 မင်းစိတ်ထိန်းဦး.. အခုချိန်မှာ သူက မင်းကို ကြည်ကြည်ဖြူဖြူနဲ့ ပေးတွေ့မယ်ထင်နေတာလား"

ဂျီဆောင်းစကားကြောင့် ခဏတာတွေဝေသွားပုံရတဲ့ 𝗙𝗲𝗹𝗶𝘅 က မကြာလိုက်ပါဘူး။ ကားပေါ်ပြန်တက်ကာ မောင်းသူနေရာမှာ ဝင်ထိုင်တော့သည်​။

"𝗙𝗲𝗹𝗶𝘅 မင်းဘာလုပ်ဦးမလို့လဲ"

"သူ့နောက်လိုက်ရမယ်"

Love is PainfulDonde viven las historias. Descúbrelo ahora