가끔 - Sometimes

524 76 1
                                    

သူကုတ်လို့ ကျောပြင်က စပ်ဖျဉ်းဖျဉ်းနာကျင်မှုက အချမ်းဓာတ်နဲ့အတူ လှိုက်တက်လို့လာတာကြောင့် အင်္ကျီကိုပြန်ဝတ်လိုက်သည်။

"𝙻𝚒𝚡 က လက်သည်းလည်း မညှပ်ဘူး"

မျက်စောင်းလေးဝင့်လာတဲ့သူက သိပ်ကိုချစ်ဖို့ကောင်းသည်။

"ကိုယ့်ကျောတွေနာနေပြီ..."

"....."

"ကိုယ် လက်သည်းညှပ်ပေးမယ်.. အဲ့ဒါမှ နောက်တစ်ခါကျရင်...."

"𝙷𝚢𝚞𝚗𝚓𝚒𝚗.. ခင်ဗျားနော်..."

"ဟားဟား.."

ဟိုတယ်အခန်းလေးထဲ ရိုက်ခတ်လာတဲ့ ဆောင်းလေတွေနဲ့အတူ ကောင်လေးနှစ်ယောက်ရဲ့ ရယ်သံတွေဟာလည်း ကျယ်လောင်လို့။

နှင်းစက်တွေနဲ့အတူ ဖြူစင်တဲ့ ချစ်ခြင်းတွေနဲ့ မင်းကို ချစ်တယ်။ အသက်ရှိနေသရွေ့။

မဟုတ်ဘူး​။ နောက်ဘဝတွေအထိ.. မင်းကကိုယ့်အပိုင်ပဲ။

♡︎

မနက်လင်းတော့ ရောင်ခြည်လေးသန်းလာတဲ့ အဝါရောင်မနက်ခင်းလေးကို ပြတင်းတံခါးကတစ်ဆင့် မြင်နေရသည်။

လိုက်ကာစလေးတွေ လှုပ်ယမ်းလို့ အခန်းငယ်ထဲ ဆောင်းဓာတ်ရဲ့ အေးစက်မှုတွေက ခိုးဝင်လို့လာတာကြောင့် ကောင်လေးရဲ့ကိုယ်ပေါ်ကို စောင်အထူလေးတစ်ထပ်လွှားခြုံပေးလိုက်သည်။

မျက်လုံးလေးတွေမှေးစင်းသည်အထိ ပင်ပန်းနေတဲ့ သူ့ရဲ့မျက်နှာနုနုလေးထက်ကို ဖွဖွလေးသာ နမ်းလိုက်ပြီး ကုတင်ပေါ်မှ ထလိုက်သည်။

ရေချိုးခန်းထဲကထွက်လာသည်အထိ မနိုးသေးတဲ့သူက ကျွန်တော်ခြုံပေးလိုက်တဲ့ စောင်အဖြူလေးထဲမှာ ကွေးကွေးလေးမြုပ်နေသည်။

"𝙷𝚢𝚞𝚗.."

ဘယ်လောက်မှပင်မကြာလိုက်ပဲ မျက်ခွံလေးတွေပွင့်ပြီး တဘက်တစ်ထည်နှင့် ကျွန်တော့်အား စိုက်ကြည့်နေသည်။

ပြီးမှ ညကအကြောင်းတွေကို သတိရသွားပုံရတဲ့သူက ချက်ချင်းအကြည့်လွှဲပြီး စောင်ကို ခေါင်းမြီးခြုံလိုက်သည်။

"𝙻𝚒𝚡 နိုးနေတာ ကိုယ်သိတယ်နော်.."

ရယ်ကျဲကျဲပြောလိုက်တော့ စောင်ပုံလေးထဲက ခေါင်းလေးပြူထွက်လာသည်။

Love is PainfulDonde viven las historias. Descúbrelo ahora