Australia , Sydney.
ကောင်းကင်ထက်တွင် တိမ်ညို၊တိမ်မည်းများ တရိပ်ရိပ် ပြေးလွှားနေသည်။
လျှပ်စီးမိုးကြိုးများသည် ညိုမည်းသော ကောင်းကင်ယံထက်တွင် တစ်လက်လက်နှင့် ပြိုးပြက်လျက်ရှိသည်။
မိုးသက်လေကြောင့် ပြတင်းတံခါးနှင့် ဆက်စပ်ထားသော ခန်းစီးလိုက်ကာအတွန့်လေးများသည် လေပြေရဲ့ စေလိုရာအတိုင်း ယိမ်းနွဲ့နေကြသည်။
လစ်ဟထားသော ပြတင်းပေါက်မှတစ်ဆင့် လေအေးများတိုးဝင်လာသောကြောင့် ကုတင်ပေါ်တွင် အိပ်မောကျနေသော ကောင်လေးရဲ့ မျက်ခွံများ အနည်းငယ်ပွင့်လို့လာသည်။
လိုက်ကာများကိုဖယ်ပြီး ပြတင်းပေါက်ကိုပိတ်ကာ အိပ်မှုန်စုတ်ဖွားနဲ့ကောင်လေးက အကြောဆန့်ကာ ရေချိုးခန်းထဲ ဝင်ရန်ပြင်နေသည်။
မိနစ်ပိုင်းကြာသောအခါ အိပ်ခန်းထဲမှထွက်လာပြီး လှေကားထစ်များမှဆင်းကာ မီးဖိုခန်းရှိရာဆီ လျှောက်လာသည်။
စားပွဲပေါ်တွင် ဖြူလွလွပေါင်မုန့်များပေါ်သို့ နီရဲရဲ စတော်ဘယ်ရီယိုများကို သုတ်တင်နေပြီး ကော်ဖီခွက်ကို ဘေးချကာ သတင်းစာဖတ်နေသော လူကြီးတစ်ယောက် ထိုင်နေသည်။
"Morning Dad.."
"Oh.. Morning Felix"
မွေးစားအဖေလို့ လူအများသိကြတဲ့ Austin Smith ဆိုတဲ့ အသက် ၅၀ အရွယ်လူကြီးဟာ ကိုရီးယားလူမျိုးဖြစ်သော်လည်း အသက် ၇နှစ်အရွယ် Felix လေးကို မိဘမဲ့ဂေဟာမှ တစ်ဆင့် ခေါ်ယူမွေးစားလာပြီးနောက်တွင် ဩစတျေးလျနိုင်ငံသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။
ဩစတျေးလျနဲ့ကိုရီးယားဆက်တဲ့ Felix မှာ Yongbok ဆိုတဲ့ အမြွှာညီအစ်ကို တစ်ယောက်ရှိသော်လည်း ကံဆိုးရှာသော Yongbok လေးမှာ Austin ရဲ့ ခေါ်ဆောင်ရာနောက် လိုက်ခွင့်မရခဲ့ပေ။
ရင်နှစ်သည်းချာ သားအရင်းတစ်ယောက်လို ချစ်ခင်ပေးသော ထိုလူကြီးက Felix အတွက်တော့ ဘုရားသခင်က ဖခင်အသစ်တစ်ယောက် ဖန်ဆင်းပေးလိုက်သလိုပင်။
ESTÁS LEYENDO
Love is Painful
Fanficတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...