နွေဦးရဲ့ ချယ်ရီပင်များသည် ကံကောင်းခြင်း အတိတ်နမိတ်ကို ဆောင်ကျဉ်းလာပေးတတ်သည်ဟု ပြောစမှတ်ပြုကြသည်။
ထိုချယ်ရီပင်များကို ဖြတ်ကျော်ပြီးနောက် လမ်းတိုလေးအကွေ့တစ်နေရာအရောက်တွင် မိဘမဲ့ဂေဟာလေး တစ်ခုရှိသည်။
တောင်ကုန်းအမြင့်လေးပေါ်တွင် တည်ဆောက်ထားသော ထိုမိဘမဲ့ဂေဟာလေးသည် အထပ်မြင့်သုံးထပ်ရှိသည်။
အပေါ်ဆုံးထပ်ရှိ ပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ကိုငေးကြည့်နေသော ကောင်လေးတစ်ယောက်ရဲ့ မျက်နှာပြင်ထက် စိတ်အားငယ်မှုများ ဖုံးလွှမ်းနေသည်။
အပြာနုရောင် ညဝတ်အင်္ကျီလေးကို ဝတ်ဆင်ထားသော ထိုကောင်လေးမှာ အသက် ၇ နှစ်အရွယ်ရှိသည်။
ခေါင်းလောင်းသံကြားလို့ အောက်သို့ဆင်းရန်ပြင်နေသော ကောင်လေးရဲ့ ခြေလှမ်းများမှာ လေးပင်နေသည်။
ထမင်းစားချိန်ရောက်ကြောင်း အချက်ပေးတဲ့ အသံဖြစ်သဖြင့် ဂေဟာအတွင်းရှိကလေးများ စုရုံးကာ ထမင်းစားခန်းမကို အပြေးသွားနေကြသည်။
ကြက်ဥလိပ်နှင့် ကင်ချီအနည်းငယ်ထည့်ထားသော ပန်းကန်ထဲရှိ ထမင်းအချို့ကို တူနှင့်ထိုးစွနေသော ကောင်လေးမှာ တခြားကလေးများလို တက်ကြွမနေပေ။
"ဒီနေ့ ဂေဟာပိုင်ရှင် လာမှာမို့လို့ ထမင်းစားပြီးရင် အပေါ် မတက်ကြနဲ့ဦးနော် ကလေးတို့"
"ဟုတ်ကဲ့"
ဂေဟာမှုးမှ ထမင်းစားနေသောကလေးများရှေ့တွင် မတ်မတ်ရပ်ကာ အော်ပြောလိုက်တော့ ကလေးများထံမှ ဆူညံသံများထွက်လာသည်။
မိနစ်ပိုင်းမျှကြာသောအခါ ကားတစ်စီးနှင့် လူချမ်းသာတချို့ ရောက်ချလာသည်။
အသက်၄၀လောက် အရွယ်ရှိသည့် ဦးလေးကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်အတူပါလာသည်။
အနောက်မှာလည်း ကိုယ်ရံတော်အစောင့်လိုလူများ ၄ယောက်လောက်ထပ်ပါသေးသည်။
YOU ARE READING
Love is Painful
Fanfictionတကယ်လို့ အချစ်က နားကျည်းစရာ အတိတ်တစ်ခုဆို ဘာလို့များ ပွေ့ဖက်ခဲ့သေးလဲ....တကယ်လို့ အချစ်က တစ်ယောက်ကိုတစ်ယောက် နာကျင်စေခဲ့တယ်ဆို ဘာဖြစ်လို့ တမ်းတမ်းတတ သတိရနေသေးလဲ...တကယ်လို့ အချစ်က ဆောင်းတွင်းရဲ့ အိပ်မက်ဆိုးဆို ဘာဖြစ်လို့ အိပ်မက်တွေ ဆက်မက်ချင်နေသေးလဲ...